တွန်းဇံမြို့နယ်က သက်ငယ်မုဒိမ်းမှု ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးမယ်

တွန်းဇံမြို့နယ်က သက်ငယ်မုဒိမ်းမှု ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးမယ်

တွန်းဇံမြို့နယ် နတ်ဇန်ကျေးရွာရှိ (၉)နှစ်အရွယ်ကလေးကို အဓမ္မပြုကျင့်မှုနဲ့တရားစွဲဆိုထားတဲ့ လမ်းအလုပ်သမား မောင်ဗိုလ်ဝင်း (၂၇ နှစ်)ကို သြဂုတ်လ (၃၀)ရက်တွင် ဖလမ်းမြို့ ခရိုင်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးတော့မယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ တွန်းဇံမြို့နယ် နတ်ဇန်ကျေးရွာတွင်နေထိုင်တဲ့ ဦး …. နဲ့ ဒေါ်….တို့ဟာ ကလေးမြို့သို့ သွားနေစဉ် အိမ်မှာ မ… (၉ နှစ်)နဲ့အတူ မောင်… (၁၂ နှစ်)နဲ့ အသက် ၆ နှစ်အရွယ်ညီမလေးတို့သာအိမ်မှာကျန်ခဲ့ပါတယ်။ ဇူလိုင်လ ၂၂ ရက် မနက် ၄ နာရီတွင် ၎င်းတို့အိမ်မှာ ညအိပ်တည်းခိုနေထိုင်တဲ့ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ အလယ်ကန်အုပ်စု၊ သန်းတောရွာနေ လမ်းအလုပ်သမား ဗိုလ်ဝင်းက မ… (၉နှစ်)ကို အိမ်ရှေ့ခန်းထဲတွင် သားမယားပြုကျင့်ခဲပါတယ်။ မ… (၉နှစ်)ရဲ့နေထိုင်ပုံကိုမသင်္ကာသဖြင့် အမဝမ်းကွဲတော်သူ မ… (၁၉)နှစ်ကမေးမြန်းလို့ဖြစ်စဉ်ကိုသိခဲ့ပြီး မိဘတို့ပြန်လာတဲ့အချိန်မှာယင်းအကြောင်းကိုပြောပြပါတယ်။ မ… (၉ နှစ်)ရဲ့မိခင်ကိုယ်တိုင် တရားလိုအဖြစ် တွန်းဇံမြို့နယ်ရဲစခန်းသို့တိုင်ကြားပြီး ဗိုလ်ဝင်းကို ဇူလိုင်လ ၂၂ ရက် ည ၁၁ နာရီတွင် တီးတိန်မြို့အလွန်မှာ ကားနဲ့ကလေးမြို့သို့ထွက်ပြေးစဉ် တီးတိန်မြို့နယ်ရဲတပ်ဖွဲ့ကဖမ်းဆီးကြပါတယ်။

Zalen ad

ဒါကြောင့် သက်ငယ်မုဒိမ်းမှုကျူးလွန်သူလို့ယူဆရတဲ့ ဗိုလ်ဝင်း (၂၇ နှစ်)ကို ရာဇာသတ်ကြီးပုဒ်မ (၃၇၆) နဲ့ တွန်းဇံမြို့နယ် ရဲစခန်းမှာအမှုဖွင့်ထားပါတယ်။

၂၀၁၉ ခုနှစ်မတ်လ (၂၆)ရက်တွင် ရာဇာသတ်ကြီးဥပဒေပြင်ဆင်အတည်ပြုချက်ထဲတွင် အသက် (၁၂)နှစ်အောက်နဲ့ မသန်စွမ်းအမျိုးသမီးများအပေါ် မုဒိမ်းမှုကျူးလွန်သူကို ထောင်ဒဏ် နှစ် (၂၀)မှ ထောက်ဒဏ်တစ်သက်ချမှတ်နိုင်တယ်လို့ပြဌာန်းထားပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်