တွန်းဇံမြို့နယ်တွင် ကိုယ်ဝန်ဆောင်နဲ့ ၂နှစ်အောက်ကလေးထောက်ပံ့ငွေ အပြည့်အဝမရဟုဆို

တွန်းဇံမြို့နယ်တွင် ကိုယ်ဝန်ဆောင်နဲ့ ၂နှစ်အောက်ကလေးထောက်ပံ့ငွေ အပြည့်အဝမရဟုဆို

တွန်းဇံမြို့နယ်၊ Sialthawzang (ကျောက်ချပ်)ရွာတွင် ကိုယ်ဝန်ဆောင်နဲ့ ၂ နှစ်အောက်ကလေးထောက်ပံ့ငွေကို (၇)လစာ အပြည့်အဝမရကြဘူးလို့ ယင်းထောက်ပံ့ငွေတိုင်ကြားရေးတာဝန်ခံထံမှသတင်းရရှိပါတယ်။

ချင်းပြည်နယ်တွင် ကိုယ်ဝန်ဆောင်နဲ့ ၂ နှစ်အောက်ကလေးငယ်တွေကို တစ်ယောက်လျှင် တစ်လ တစ်သောင်းခွဲနှုန်းထောက်ပံ့ပေးနေပါတယ်။

ကျေးရွာတိုင်ကြားရေးတာဝန်ခံ ဒေါ်ဆန်သဲက “ဒီထောက်ပံ့ငွေကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စာရေးက ပေးတာ။ စာထဲမှာတော့ နှစ်လစာ တစ်ယောက် သုံးသောင်းလို့ရေးထားပေမယ့် တကယ်ရတာက နှစ်သောင်းပဲရတယ်။ အခုလိုဖြစ်တာ တော်တော်များနေပြီ။ မြို့နယ်ကိုလည်း တိုင်တာတော်တော်များနေပြီ။ မြို့နယ်ကနေ လာစစ်ပေမယ့် သိပ်အရာမရောက်ဘူး။ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်မှာ ဇွန်-ဇူလိုင်လတွက်ထုတ်ပေးတယ်။ အဲ့ဒီမှာ ကလေး ၄ ယောက်က ဇူလိုင်လမှာ ၂ နှစ်ပြည့်မှာ။ သူတို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ၂ နှစ်ပြည့်သွားလို့မထုတ်ပေးနိုင်ဘူးဆိုပြီးမပေးဘူး။ မြို့နယ်ကိုတင်ပြတော့ သူတို့တွက်လည်း ငွေထုတ်ပေးထားတယ်သွားထုတ်ပါစေလို့ပြောပေမယ့် သူတို့ကမထုတ်ပေးဘူး” လို့ပြောပါတယ်။

Sialthawzang (ကျောက်ချပ်)ရွာတွင် ကိုယ်ဝန်ဆောင်၊ ၂ နှစ်အောက်ကလေးငယ် ၄၀ ခန့်ရှိပါတယ်။ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် မေလ နဲ့ဇွန်လ နှစ်လစာအတွက် တစ်ယောက် ၃ သောင်းရဖို့ ၂ သောင်းပဲရရှိကြပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၉ ရက်မှာ ဇူလိုင်-သြဂုတ်-စက်တင်ဘာ-အောက်တိုဘာ ၄ လစာအတွက် ၆ သောင်းရဖို့ ၃၀ သောင်းပဲရကြပါတယ်။ ၂၀၁၈ ခုနှစ် နိုင်ဝင်ဘာ ၇ ရက်မှာ ၃ သောင်းရဖို့ ၂ သောင်းပဲရကြတယ်လို့ တိုင်ကြားရေးတာဝန်ခံကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Sialthawzang (ကျောက်ချပ်)ရွာ အုပ်ချုပ်ရေးမှူး ဦးကမ်ခင့်ကို မေးမြန်းရာ “အားလုံးရကြပါတယ်။ ဘာမှပြဿနာမရှိပါဘူး” လို့ပြောပါတယ်။

ချင်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးမင်းညွှန့်က “၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်ကဖြစ်တဲ့ကိစ္စတော့ ထောက်ပံ့ငွေပြန်ရအောင်လုပ်ပေးလို့မရတော့ဘူး။ အဲ့ငွေတွေအကုန်လုံးပြန်အပ်ထားပြီလေ။ ထောက်ပံ့ငွေလာမထုတ်ရင်တော့ အဲ့ငွေကိုပြန်အပ်ပြီးနောက်တစ်ကြိမ်ထောက်ပံ့ကြေးမှာပြန်သုံးရတယ်။ ၂၀၁၉ မှာဖြစ်တဲ့ကိစ္စတော့ ကျနော်တို့ပြန်စိစစ်ပြီး ရအောင်လုပ်ပေးလို့ရတယ်။ မြို့နယ်တွေကိုလည်းအကြောင်းကြားထားမယ်” လို့ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်