တွန်းဇံမြို့က CDF တွန်းဇံ ချိတ်ပိတ်ထားတဲ့ နေအိမ် ငါး လုံး ကို ကင်းလွတ်ခွင့်ပေး

၁၉၊ ဩဂုတ်၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ တွန်းဇံမြို့မှာ CDF တွန်းဇံအဖွဲ့က ZRAတပ်ဖွဲ့ဝင်နဲ့ ZRA ကိုကူညီထောက်ပံ့သူ‌ တွေလို့ စွပ်စွဲ ချိတ်ပိတ်ထားတဲ့နေအိမ်တွေထဲက နေအိမ် ငါးလုံးကို ချိတ်ပိတ်ထားရာကနေ ကင်းလွတ် ခွင့် ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ တွန်းဇံမြို့ပေါ်က နေအိမ် ၂၃ လုံးကို CDF တွန်းဇံက ချိတ်ပိတ်ခဲ့တာဖြစ်ပြီး ၁၈ လုံးကိုတော့ ဥပဒေ နဲ့အညီ ဆက်လက် ချိတ်ပိတ်ထားမယ်လို့ ဩဂုတ်လ ၁၈ ရက်မှာ CDF တွန်းဇံ က ထုတ်ပြန်ပါတယ်။

ချိတ်ပိတ်ရာက‌နေ ကင်းလွတ်ပြုခဲ့တဲ့ နေအိမ် ပိုင်ရှင် တွေထဲမှာ Langh Kho Pau (ရဲ၊ အငြိမ်းစား)၊ Kam Thawn Mang (ထွေအုပ်၊ ယဉ်မောင်း)၊ Niang Ngaih Nuam (ဈေးသည်)၊ Zam Kho Pau (ကျောင်းဆရာ)၊ Niang Deih Ciang (တွီးတုမ်း ရွာသူ) တို့ ဖြစ်ပါတယ်။

သူတို့ရဲ့ နေအိမ်တွေကို အများပြည်သူတွေရဲ့ တိုင်ကြားချက်ကြောင့် ချိတ်ပိတ်ခဲ့တာ ဖြစ်ပြီး အဖြစ်မှန်ကို သေချာ စိစစ်ကာ ပြန်လည် ကင်းလွတ်ခွင့် ပြုခဲ့တာလို့ CDF တွန်းဇံက ဆိုပါတယ်။

” CDM တွေရဲ့ နေအိမ်တွေကို ချိတ်ပိတ်ခြင်းမရှိပါဘူး။ ZRA နဲ့ ZRA Supporter တွေရဲ့ နေအိမ်တွေကိုပဲ ချိတ်ပိတ်တာ ဖြစ်ပါတယ်။ ” လို့ CDF တွန်းဇံတပ်ဖွဲ့ရဲ့ စစ်ရေးတာဝန်ခံ၊ ဦးထန်ဆွင်းမုန်က ပြောပါတယ်။

ဆက်လက်ပြီး ချိတ်ပိတ်ထားတဲ့ နေအိမ် ပိုင်ရှင်တွေကတော့ Thang Kho Lian (ဦးဆောင်သူ နှင့် ထောင်ပံ့သူ)၊ Mang Nun Sang (masang) (ဦးဆောင်သူ နှင့် ထောင်ပံ့သူ)၊ Kai Sian Khup (khup pi)၊ Pau Sian Sang (pasang) (ဦးဆောင်သူ နှင့် ထောင်ပံ့သူ)၊ Kham Min Thang (ZRA Eastern Command, စစ်ဦးစီးချုပ်)၊ Dai Khan Mung (DaiMung) (ဦးဆောင်သူ နှင့် ထောင်ပံ့သူ)၊ Lut Tuen Vai (vai)( ထောက်ပံ့သူ)၊ Mung Lan Thang (pupu thang) (ဦးဆောင်သူ)၊ Lucas Lian Tuang (ZRA-EC, ဒုစစ်ဦးစီးချုပ်)၊ Khai Suan Gin (GinNeu) (ထောက်ပံ့သူ)၊ Dal Thawn Pau (ထောက်ပံ့သူ)၊ Kham Sian Lian (LianNgek) (ZRA တပ်ဖွဲ့ဝင်)၊ Kap Do Thang (ထောက်ပံ့သူ)၊ Hang Khen Mang (ဦးဆောင်သူ နဲ့ ထောင်ပံ့သူ)(Tuitum)၊ Pau Khen Mung (သားဖြစ်သူ ZRA)၊ Cing Khan Lun (သားဖြစ်သူက ZRA)၊ Cin Khen Thawn (ဦးဆောင်သူ နဲ့ ထောင်ပံ့သူ)၊ CC pastor Sia Lian (ဦးဆောင်သူ နဲ့ ထောင်ပံ့သူ၊ သားဖြစ်သူ ZRA) တို့ရဲ့ နေအိမ်တွေ ဖြစ်ပါတယ်။

CDF တွန်းဇံအဖွဲ့က CDM ဝန်ထမ်း ငါးဦးရဲ့ နေအိမ်တွေကို ချိတ်ပိတ်ထားပြီး CDMတွေရဲ့ မိသားစုဝင်တချို့ကိုလည်း ဖမ်းဆီးကာ ငွေကြေး တောင်းခံ‌နေတယ်လို့ တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့နဲ့ တွန်းဇံမြို့နယ် CDM ကော်မတီက ဩဂုတ် ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

တီးတိန်မြို့အတွက် မတူပီမြို့က ပေးတဲ့ သင်ခန်းစာ 

Taawl ရေးသည်။ ချင်းပြည်နယ်၊ မတူပီမြို့နယ်ဟာ လူမျိုးနွယ်စုအများဆုံး၊ ဘာသာစကားအများဆုံးနှင့် မတူညီတဲ့ ယဉ်ကျေးဓလေ့ထုံးတမ်း အများဆုံး ရှိသော မြို့တစ်မြို့ဖြစ်ပါတယ်။ ဒီလို မျိုးနွယ်စုများစွာ၊ မတူညီတဲ့ ဘာသာစကားများစွာရှိခြင်းဟာ အပြန်အလှန် အသိအမှတ်ပြုမှုများ ရှိပါက ခွန်အားတစ်ခု ဖြစ်လာနိုင်ပေမဲ့ ...

ဆက်ဖတ်ရန်