တွန်းဇံမြို့နယ်တွင် ညီအစ်မနှစ်ယောက် နာရီပိုင်းအတွင်း ရုတ်တရက် သေဆုံးမှုဖြစ်ပွား

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်နေ ၂ နှစ်ခွဲအရွယ်ကလေးနဲ့ ၁၃ နှစ်အရွယ်အစ်မဖြစ်သူတို့ မနေ့ ဇွန်လ ၁၃ ရက်တွင် နာရီပိုင်းအတွင်း သေဆုံးသွားကြတယ်လို့ သိရပါတယ်။

တွန်းဇံမြို့နယ်၊ Vaivet (Cizam) ကျေးရွာနေ၂ နှစ်ခွဲအရွယ် Lia Lun Deih San(မလွန်ဒိမ့်စန်)မှာ ဇွန် ၁၃ ရက်၊ မနက် ၁ နာရီခန့်က ကိုယ်ပူပြီးနောက် မနက် ၃ နာရီခွဲမှာ ဆုံးပါးသွားခဲ့တာလို့ သိရပါတယ်။

ယင်းနောက် အစ်မဖြစ်တဲ့ ူia Cing Huai Kim (မကျင်ဟောင်ကိမ်) ၁၃ နှစ်မှာလည်း နာရီပိုင်းအတွင်းရုတ်တရက်ကိုယ်ပူရှိန်တက်ကာ မနက် ၁၀ နာရီမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

၎င်းတို့ ညီအစ်မတွေဟာ Pa Gin Lal Thang (ဦးဂင်လာမ်ထန်) နဲ့ Nu Lal Tul Sawm Cing (ဒေါ်လာမ်တူဆောမ်းကျင်) တို့ရဲ့ သမီးတွေဖြစ်ကြပြီး တွန်းဇံဆေးရုံသို့ ပို့ခဲ့ပေမယ့် အသက်မမီတော့ကြောင်း မိသားစုဝင်တွေဆီက သိရပါတယ်။ ဘာရောဂါနဲ့ သေဆုံးသွားသလဲဆိုတာအတိအကျမသိပေမယ့် ရာသီဥတုအပြောင်းအလဲကနေ ရုတ်တရက်ကိုယ်ပူရှိန်တက်လာရာမှ ဆုံးပါးသွားခြင်းဖြစ်ပြီး ဒီနေ့ ဇွန် ၁၄ ရက်တွင် သဂြိုဟ်ကြတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုရမ်ကမြန်မာစစ်ဘေးရှောင် ၁၉၀၀ ကျော်ရဲ့ဇီဝအချက်အလက်များကောက်ယူပြီ

၁၁၊ ဩဂုတ်လ၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူနိုင်ပြီလို့ ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။ အဆိုပါ အချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုအနက် တစ်ချို့ကပြီးခဲ့တဲ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်