တွန်းဇံမြို့နယ်မှာ အိန္ဒိယဖက်က လာတဲ့လက်နက်ကိုင် ဓားပြအဖွဲ့တစ်ဖွဲ့ကို CDF တွန်းဇံက ရှင်းလင်းခဲ့

၂၆ အောက်တိုဘာ၊၂၀၂၃

Zalen

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ CDF-တွန်းဇံ တပ်ရင်း ၂ (ထာန်ကိုင်)ရဲ့ စိုးမိုးနယ်မြေဖြစ်တဲ့ ထာန်းစီးကျေးရွာနဲ့ ဆုန်တုန်းရွာ နယ်မြေများမှာ အိန္ဒိယဖက်ကလာတဲ့ (CKLA – Chin Kuki Liberation Army)က ဒေသခံပြည်သူများကိုခြိမ်းခြောက်ငွေညှစ်၊ ဓားပြတိုက်တာတွေပြုလုပ်နေတဲ့အတွက် CDF တွန်းဇန်တပ်ရင်း ၂နဲ့ တပ်ရင်း၁ က နှိမ်နင်းရှင်းလင်းခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

CKLA လက်နက်ကိုင်တပ်ဟာ CDF တွန်းဇံရဲ့ထိန်းချုပ်နယ်မြေတစ်ချို့မှာ ခရီးသွားပြည်သူတွေကို သေနတ်တွေနဲ့ ချိန်ရွယ်ခြိမ်းခြောက်ပြီး ပါလာတဲ့ ပစ္စည်း၊ငွေကြေးများကို လုယူကြရုံမကကျေးရွာတွေမှာ လူတစ်ယောက်ကို အိန္ဒိယ ရူပီးငါးသိန်း၊ ၁၀သိန်း အတင်းဓမ္မကောက်ခံနေတဲ့အတွက် CDF တွန်းဇံ တပ်ရင်း ၁ နဲ့ ၂က နှိမ်နင်း ရှင်းလင်းခဲ့ရတာဖြစ်တယ်လို့ CDF တွန်းဇံ တပ်ရင်း၂က အောက်တိုဘာ ၂၆ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။

Zalen ad

CDF တွန်းဇံက ရှင်းလင်းရေးလုပ်ခဲ့တဲ့အတွက် CKLA အဖွဲ့ဟာ ထွက်ပြေးတိမ်းရှောင်ကြရင်း အဖွဲ့ဝင် ၃ဦးကိုတော့ အိန္ဒိယစစ်တပ်က ဖမ်းမိခဲ့ပြီး ကျန်အဖွဲ့သားတွေကတော့ မဏိပူရမြစ်ဖက်ကိုလှေလှော်ထွက်ပြေးသွားတဲ့အတွက် CDF တွန်းဇံတပ်ရင်း၁ နဲ့ တပ်ရင်း၂ ပူးပေါင်းတပ်ဖွဲ့ကပစ်ခတ်ခဲ့ပြီး လူအများအပြားဒဏ်ရာရသွားကြတယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

CDF တွန်းဇံရဲ့ ဖော်ပြချက်အရ CKLA လက်နက်ကိုင်တပ်ကို အိန္ဒိယနိုင်ငံသား Mr.Ngam Cha(ငမ်ကျား)၊ Mr.Ja Mon(ဂျာမွန်း) တို့နှစ်ဦးက ဦးဆောင်တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃၊ မတ်လ ၂၄ရက်နေ့ ည ၁၀နာရီဝန်းကျင်မှာ တွန်းဇံမြို့နယ်၊ဖိုင်ဆပ်ကျေးရွာကို ဓားပြတိုက် ငွေးကြေးလုယက်ခဲ့တဲ့အဖွဲ့ဟာလည်း CKLA အဖွဲ့ပဲလို့သိရပါတယ်။

(CKLA – Chin Kuki Liberation Army) လက်နက်ကိုင်တပ်ဟာအိန္ဒိယ မြန်မာနယ်စပ်ဒေသတွေမှာအခြေစိုက်လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်တယ်လို့နီးစပ်သူတွေကဆိုပါတယ်။

ကူကီးချင်းလူမျိုးတွေကို ကိုယ်စားပြုတဲ့လက်နက်ကိုင်တပ်ဟာ KNO/KNA(Kuki National Organization / Kuki National Army) တပ် တစ်ခုထဲသာရှိပြီးကျန်တဲ့ ကူကီးအမည်ခံ လက်နက်ကိုင်တပ်တွေဟာကူကီးမျိုးနွယ်စုတွေကို ကိုယ်စားမပြုဘူးလို့ကူကီး အရပ်ဖက်အဖွဲ့အစည်းနဲ့ ကူကီးလူမျိုးတွေက ပြောပါတယ်။

ဒေမီယံ

နောက်ဆုံးရသတင်းများ

Joshua Van ရဲ့ပထမဆုံးချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ်ဂျပန်ဖိုက်တာ Tatsuro Taira နဲ့ထိုးသတ်သွားမယ်

ဖေဖော်ဝါရီလ ၂၃၊ ၂၀၂၆ Zalen လက်ရှိ UFC Flyweight ချန်ပီယံ Joshua Van ကတော့ သူ့ရဲ့ပထမဦးဆုံးချန်ပီယံ ခါးပတ်ကာကွယ်ပွဲအဖြစ် ဂျပန် ဖိုက်တာ Tatsuro Taira နဲ့ထိုးသတ်သွားကြမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်ကို လာမယ့် ...

ဆက်ဖတ်ရန်