တွန်းဇံမြို့မှာ CDF-Tonzang နဲ့ CDF -KKG တို့ ပစ်ခတ်မူဖြစ်တယ်ဆိုတဲ့ သတင်းအမှား

၁၇၊ ဩဂုတ်၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ တွန်းဇံမြို့မှာ CDF – တွန်းဇံ နဲ့ CDF –KKG တို့ ပစ်ခတ်မူဖြစ်တယ်ဆိုပြီး ဒေသတွင်း သတင်းမီဒီယာတခုက ဖော်ပြထားပါတယ်။

ဒေသတွင်း သတင်းမီဒီယာတခုက ” တွန်းဇံမြို့မှာ သြဂုတ်လ ၁၂ ရက်နေ့ညက CDF-Tonzang နဲ့ CDF-KKG တို့ အပြန်အလှန် ပစ်ခတ်မူဖြစ်ပွားပြီး နှစ်ဖက် ထိခိုသေဆုံးမူရှိတယ်။”လို့  ရေးသားဖော်ပြထားပါတယ်။

အဲ့ဒီသတင်းကို တီးတိန်ဘာသာဖြင့် ရေးသားဖော်ပြထားပြီး သတင်းကို ကြိုက်နှစ်သက်သူ ၁၁၅ ဦး၊ မှတ်ချက်ပေးသူ ၃၄ ဦးနဲ့ မျှဝေသူ ၁၈ ဦးထိရှိလာသလို အဆိုပါ မူရင်းသတင်းကို မြန်မာဘာသာဖြင့် ဘာသာပြန်ဆိုကာ ဒေသတွင်း Facebook page အချို့မှာ ဖော်ပြထားတာလည်း တွေ့ရပါတယ်။

Zalen Fact -Checking Team က စိစစ်တဲ့အခါ သြဂုတ်လ ၁၂ ရက်နေ့ညက တွန်းဇံမြို့မှာ CDF-Tonzang နဲ့ CDF-KKG တို့ ပစ်ခတ်မူဖြစ်ပွားတာ မတွေ့ရှိရပါ။

“CDF- Tonzang ဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်တွေကို အဓိက တိုက်ခိုက်တဲ့ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့စည်းဖြစ်တဲ့အတွက်  ချင်းကာကွယ်ရေးတပ်ဖွဲ့အချင်းချင်း ဘယ်တော့မှ ပစ်ခတ်မူတွေ ပြုလုပ်သွားမည်မဟုတ်ဘူး” လို့ တွန်းဇံမြို့နယ်ကောင်စီ ဥက္ကဌ ဦးထန်ဆွင်းမုန်က ဆိုပါတယ်။

၎င်းက ” ကျွန်တော်တို့ တွန်းဇံမြို့မှာ ပစ်ခတ်မူရှိတယ်ဆိုတာ သတင်းအမှားပါ။ တွန်းဇံမြို့ကို CDF-Tonzang က သိမ်းပိုက်ရရှိပြီး ပြည်သူအများပြား ထောက်ခံအားပေးမူကို မနာလိုတဲ့ အဖွဲ့စည်းတခုကနေ ပြည်သူနဲ့ တခြားတော်လှန်ရေးတပ်တွေက နားလည်မူလွဲအောင် သတင်းအမှားတွေ ကို တမင်ဖြန့်တာပါ။ ကျွန်တော်တို့က စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်တွေကလွဲပြီး ဘယ်လက်နက်ကိုင်အဖွဲ့စည်းတွေကို တိုက်ခိုက်မည်မဟုတ်ပါ။”လို့ ဆိုပါတယ်။

CDF-Tonzang ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့မှာ သြဂုတ်လ ၁၂ ရက်နေ့ညက မည်သည့် ပစ်ခတ်သံများ မရှိကြောင့်နဲ့ ပြည်သူတွေ အထိတ်တလန့်ဖြစ်စေမဲ့ သတင်းအမှားတွေ မဖြန့်ဝေဖို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

၎င်းက “သြဂုတ်လ ၁၂ ရက်နေ့ညက တွန်းဇံမြို့မှာ ဘာတိုက်ပွဲမှမရှိသလို ဘာပစ်ခတ်သံမျှလည်း မကြားရပါ။ ပြည်သူတွေက တွန်းဇံမြို့သိမ်း တိုက်ပွဲတုန်းက တိုက်ပွဲအရှိန်ကြောင့် ဒီနေ့ထိ ကြောက်လန့်နေကြတယ်။ တချို့ဆို အခုထိ အိမ်မပြန်ရဲကြသေးဘူး။ အဲ့ဒါကြောင့် လူတွေအထိတ်တလန့်ဖြစ်စေမဲ့ မဟုတ်မမှန် သတင်းအမှားတွေ မဖြန့်ဝေဖို့ တိုက်တွန်းချင်ပါတယ်။”လို့ ၎င်းက ဆိုပါတယ်။

ဒေသတွင်း ချင်းမီဒီယာနဲ့ မီဒီယာအချို့မှာ ယခုရက်ပိုင်းတွင်း ဖော်ပြလျက်ရှိတဲ့ “CDF-Tonzang နဲ့ CDF-KKG တို့ကြား ပစ်ခတ်မူဖြစ်ပွား”ဆိုတဲ့ သတင်းမှာ မှန်ကုန်မူ လုံးဝ မရှိဘူးလို့ CDF-KKG က ဩဂုတ်လ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

CDF-KKG ပြန်ကြားရေး တာဝန်ရှိသူတစ်ဦး “သတင်းအမှားဖြန့်တဲ့အပေါ်မှာတော့ ပြည်သူတွေလည်း နားလည်ဖို့လိုတာက အခုချိန်က အရှုပ်ထွေးဆုံးအချိန် ကာလဆိုတော့ သတင်းကြီး မီဒီယာအကြီးတွေမှာ ရေးသားတာမျိုးတွေကို ယုံကြည်စေချင်ပါတယ်။ ပြီးတော့ သက်ဆိုင်ရာ အဖွဲ့အစည်းကိုလည်း အချိန်မရွေး ဖုန်းချက်မေးမြန်းပြီး အတည်ပြုတာမျိုး ဖြစ်စေချင်ပါတယ်။ ယခုခတ် IT ခေတ်ဆိုတော့ သတင်းမှားတွေ အချိန်မရွေး အမြဲပေါ်လာမှာဖြစ်တဲ့အတွက် ပြည်သူတွေ အနေနဲ့လည်း အလျင်းဆုံးဖြတ်ချက်ချတာမျိုးတွေ မလုပ်စေချင်ပါဘူး။”လို့ ဆိုပါတယ်။

သုံးသပ်ချက်

အထက်ပါ သက်ဆိုင်ရာ အဖွဲ့အစည်းတာဝန်ရှိသူတွေနဲ့ ဒေသခံတွေကို ပြောဆိုချက်ရ တွန်းဇံမြို့မှာ CDF-Tonzangနဲ့ CDF-KKG တို့ ပစ်ခတ်မူဖြစ်ပွားတာ မတွေ့ရှိရဘဲ သတင်းအမှားဖြစ်ကြောင်းကို တွေ့ရှိရပါတယ်။

တွန်းဇံမြို့ကို ယခုနှစ် မေလ ၂၃ ရက်နေ့မှာ ချင်းလဲန်းကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ချင်းအမျိုးသားတပ်မတော်(CNA)ဦးဆောင်တဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့က သိမ်းပိုက်ရရှိထားပါတယ်။

ယခုခါ တွန်းဇံမြို့ဟာ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ CDF-Tonzang တို့ရဲ့ ထိန်းချုပ်မူအောက်မှာ အုပ်ချုပ်ရေးယန္တရားတွေ ပုံမှန်အတိုင်း လှည်ပတ်နေပြီလို့ သိရပါတယ်။

အဲ့ဒီ CDF-Tonzang ရဲ့ အုပ်ချုပ်မူကို မကြိုက်မနှစ်သက်တဲ့ အဖွဲ့စည်းနဲ့ လူတစ်စုက အများပြည်သူနဲ့ တခြားတော်လှန်ရေးတပ်ဖွဲတွေက CDF-Tonzang ကို အထင်မြင်လွဲမှားအောင် ဖန်းတီးထားတာဖြစ်ပါတယ်။

အထက်ပါ သက်ဆိုင်ရာ အဖွဲ့အစည်းတာဝန်ရှိသူတွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်ရ တွန်းဇံမြို့မှာ CDF-Tonzangနဲ့ CDF-KKG တို့ ပစ်ခတ်မူဖြစ်ပွားတာ မတွေ့ရှိရဘဲ သတင်းအမှားဖြစ်ကြောင်းကို တွေ့ရှိရပါတယ်။

ပြည်သူတွေအနေဖြင့် ဒေသတွင်း သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ကားနဲ့ ဆိုင်ကယ် ယာဥ်တိုက်မူကြောင့် မြို (ခမီ) အမျိုးသားနှစ်ဦး သေဆုံး

စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၄။ Zalen မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်၊ Raub မြို့မှာ ကားနဲ့ ဆိုင်ကယ် ယာဥ်တိုက်မူကြောင့် မြို့ (ခမီ) အမျိုးသား နှစ်ဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိသူ ချင်းအမျိုးသားတစ်ဦးဆီက ...

ဆက်ဖတ်ရန်