တနိုင်ငံလုံး SME ပြိုင်ပွဲဝင်ဆုရထုတ်ကုန်ပစ္စည်းပြပွဲတွင် Hornbill Chin Coffee လည်းဝင်ရောက်ပြသ

တနိုင်ငံလုံး အငယ်စား၊ အသေးစားနှင့် အလတ်စားစီပွားရေးလုပ်ငန်းများ ပြိုင်ပွဲတွေမှာဆုရထားတဲ့ ထုတ်ကုန်တွေကို ဒီကနေ့ နေပြည်တော်မှာ သုံးရက်ကြာ ပြပွဲကျင်းပနေတယ်။
မန္တလေး၊ မကွေး၊ ဧရာဝတီနဲ့ ရှမ်းပြည်နယ်မှာ (၄)ကြိမ်တိတိကျင်းပခဲ့တဲ့ အငယ်စား၊ အသေးစားနှင့် အလတ်စားစီပွားရေးလုပ်ငန်းများ ရဲ့ ဒေသတွင်းထုတ်ကုန်ပြပွဲနဲ့ပြိုင်ပွဲတွင် ဆုရရှိထားတဲ့ ထုတ်ကုန်ပစ္စည်းတွေကို စက်မှုဝန်ကြီးဌာန၊ ရုံအမှတ်(၃၀) နေပြည်တော်မှာ သြဂုတ် (၂)ရက်ကနေ (၄)ရက်ထိ သုံးရက်ကြာ ခင်းကျင်းပြသရောင်းချနေပါတယ်။
ဒီပြိုင်ပွဲမှာ မကွေးမြို့မှာပြုလုပ်တဲ့ပြိုင်မှာ ဆုရ Hornbill Chin Coffee လည်း ဝင်ရောက်ပြသထားပါတယ်။

ချင်းလူငယ် စွန့်ဦးတီထွင်သူ ဆလိုင်းမာဟုန်းက “ပြပွဲမှာ ကျနော် ဝင်ရောက်ပြသထားတဲ့ပစ္စည်းတွေကတော့ ကော်ဖီမှုန့်ထုတ်နဲ့ ကော်ဖီဝိုင်ဖြစ်ပါတယ်။ အခုပွဲမှာ ရောင်းလို့ရတယ်။ ဒါပေမဲ့ကြို မသိတော့ ပြဖို့ပဲ ယူလာတယ်။ နောက်ဆုံးရက်မှာတော့ရောင်းမယ်”လို့ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

ကလေး-တမူးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်သွား

ဇွန် ၂၅၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ အန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလမ်း ကလေး-တမူးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်စည် စီးဆင်းမှု ရပ်ဆိုင်းသွားတယ်လို့ ဒေသခံများထံမှသိရပါတယ်။ ဇွန်လ ၇ရက်နေ့ကစပြီး ကလေး-တမူးလမ်းပိုင်းကို စစ်ကောင်စီတပ်များက အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် အဲဒီလမ်းပိုင်းမှာ ...

ဆက်ဖတ်ရန်