ထန်တလန်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး လက်နက်များနဲ့ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ စီ ချီးမြှင့်

၂၅၊ ဇူလိုင်လ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် စစ်သား တစ်ဦး နဲ့ ရဲသား တစ်ဦး တို့က စစ်ကောင်စီထံ တာဝန်မထမ်းဆောင်လိုတော့တဲ့အပြင် ပြည်သူ့တော်လှန်ရေးမှာ ပါဝင်မယ်လို့ ဝန်ခံ ကာ လက်နက်များနဲ့အတူ ဒီကနေ့ ဇူလိုင် ၂၅ ရက်မှာ ချင်းပြည်ကောင်စီ တပ်ဖွဲ့ထံ အလင်းဝင်ခဲ့တာကြောင့် ၄◌င်းတို့ကို ဆုကြေးငွေအဖြစ် ကျပ် သိန်း ၅၀ စီ ချီးမြှင့်ခဲ့တယ်လို့ ချင်းလဲန်းကာကွယ်ရေးတပ် – ထန်တလန် က သတင်းထုတ်ပြန်ပါတယ်။

အလင်းဝင်လာသူ နှစ်ဦးတို့က MA2 သေနတ်တစ်လက်၊ G3 သေနတ်တစ်လက်၊ ကျည်ဘောက် ၈ ခု၊ ကျည်ဆံ ၁၈၅ ထောင့်၊Grenade ၁ ခု၊ ၄၀ မမ ၂ ခု၊ နဲ့ ကျည်ကာ တစ်ခု တို့ယူဆောင်လာတယ်လို့ သိရပါတယ်။

လက်ရှိမှာ ချင်းပြည်ကောင်စီတပ်ဖွဲ့များက Tilim Operation – 4 စစ်ဆင်ရေးဖော်ဆောင်လျက်ရှိပြီး ပြည်သူ့တော်လှန်ရေး မှာပါဝင်ဖို့ဆန္ဒရှိသူများအားလုံးအတွက် အမြဲတမ်းတံခါးဖွင့်ပေး သလို လုံခြုံတဲ့ အနေရာ ရောက်တဲ့အထိ တာဝန်ယူပေးသွားမယ် လို့ CDF-Thantlang က ဖော်ပြထား ပါတယ်။

ချင်းပြည်ကောင်စီတပ်ပေါင်းစု ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်က စပြီး ထန်တလန်မြို့တွင်း အပါအဝင် ထန်တလန် နဲ့ ဟားခါးကြားမှာ ရှိတဲ့ စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာများကို တိုက်ခိုက်လျက်ရှိပြီး ယနေ့ ချိန်ထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

ချင်းလူမျိုးနဲ့ အေအေ တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့ဟုဆို

အောက်တိုဘာလ ၁၀ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်မှာ ချင်းလူမျိုးနဲ့ အာရက္ခတပ်တော် (အေအေ) တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၅ရက်နေ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။ အဲ့ဒီ အစီရင်ခံစာထဲမှာ ပလက်ဝမြို့နယ်ရှိ ...

ဆက်ဖတ်ရန်