ထန်တလန်မြို့မှာ တိုက်ပွဲဖြစ်ပြီး CNAတပ်သားတစ်ဦး ကျဆုံး၊ သုံးဦး ဒဏ်ရာရ

စက်တင်ဘာ ၂၁၊ ၂၀၂၃။

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စက်တင်ဘာ ၁၈ရက်နေ့က စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားတပ်မတော် (CNA)၊ ထန်တလန် ဒေသကာကွယ်ရေးအဖွဲ့ CDF-Thantlang ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး CNA တပ်သားတစ်ဦးကျဆုံးကာ သုံးဦးဒဏ်ရာရ ရရှိခဲ့တယ်လို့ ထန်တလန် CDFအဖွဲ့က ပြောပါတယ်။

ထန်တလန်မြို့ထဲရှိ CNA နဲ့ CDF-Thantlang တပ်စွဲထားတဲ့ CB ဘဏ်နဲ့ ရဲစခန်းကို စစ်ကောင်စီတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား သေဆုံးမှုတွေလည်း ရှိခဲ့ပြီး အရေအတွက် အတိအကျမသိရသေးဘူးလို့ သိရပါတယ်။

ထန်တလန်မြို့ကို ဟားခါးမြို့ကနေ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တာကြောင့် တစ်နေကုန်နီးပါးတိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ CDF ထန်တလန်အဖွဲ့က ပြောပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

လေကြောင်းရန် သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီအသိပေး

ဖေဖော်ဝါရီလ ၂၊ ၂၀၂၆ Zalen တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲကပြည်သူများအနေဖြင့် လေကြောင်းရန် နဲ့ ပတ်သက်လို့ သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီ ( Falam Regional Committee ) က ...

ဆက်ဖတ်ရန်