ဒီညကစပြီး လောင်တလိုင်ခရိုင်ကနေ မြန်မာဘက်သို့ကုန်တင်ကား အဝင်အထွက်ပိတ်မယ်လို့ CYLA အသိပေး

၂၅၊မေလ ၊၂၀၂၄

Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ကနေ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ထဲကို အခြေခံစားသောက်ကုန်များ အပါအဝင် တစ်ခြားသောပစ္စည်းများကို သယ်ယူပို့ဆောင်လျက်ရှိတဲ့ ကားသမားများအနေနဲ့ ဒီကနေ့ မေလ ၂၅ ရက် ည ၁၂ နာရီနောက်ပိုင်း ပိတ်ပင်မယ်လို့ ဗဟိုလိုင်လူငယ်အဖွဲ့အစည်း ( Central Young Lai Association) က မေလ ၂၄ မှာထုတ်ပြန်ထားပါတယ်။

လောင်တလိုင်ခရိုင်ကနေ မြန်မာဘက်ကို အခြေခံစားသောက်ကုန်များ အပါအဝင် လိုအပ်သည်များကို သယ်ယူပို့ဆောင်လျက်ရှိရာ စစ်ကောင်စီက ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ထရွန်အိုင်ရွာ တွေကို ဗုံးကြဲမှုတွေ ရှိနေတာသိရှိရကြောင်း၊ ဗုံးကြဲတဲ့ နေရာက အိန္ဒိယ နိုင်ငံနဲ့ အလွန်နီးကပ်ကြောင်း၊ ယခုလိုဗုံးကြဲမှုတွေရှိနေတဲ့ကြားက အိန္ဒိယနိုင်ငံသားများ မြန်မာပြည်ထဲ အဝင်အထွက်လုပ်နေတာဟာ ကောင်းကျိုးထက်၊ ဆိုးကျိုး ပို များကြောင်း CYLA ကဆိုပါတယ်။

Zalen ad

ဒီကိစ္စနဲ့ ပက်သက်ပြီး CYLA မှအချိန်ယူစဉ်းစားပြီးနောက် မေလ ၂၅ ရက် ည ၁၂နာရီ နောက်ပိုင်း လောင်တလိုင်ခရိုင် ကိုဖြတ်ပြီးတော့ မည့်သည့် ကုန်တင်ကားမှ မြန်မာနိုင်ငံဘက်သို့ အဝင်အထွက်မလုပ်တော့ဖို့ ဆုံးဖြတ်ကြတာ လို့ဆိုပါတယ်။ ယခုလိုထုတ်ပြန်မှုကို မိမိ လုံခြုံရေးအတွက်လို့ယူဆကာ လိုက်နာပေးကြဖို့ CYLA က အသိပေးထားပါတယ်။

ယခုလို ထုတ်ပြန်ချက်ကို သိပါလျက်နဲ့ မလိုက်နာတဲ့ မည်သူမဆို ဘယ်လိုမျိုး ကိစ္စပဲ ကြုံကြုံ CYLA နဲ့ ပတ်သက်တော့မှာ မဟုတ်ကြောင်းနဲ့ ဘယ်လိုအခက်အခဲနဲ့ပဲ ရင်ဆိုင်ပါစေ ၎င်းတို့ရဲ့ ရွေးချယ်မှုသာ ဖြစ်တဲ့ အကြောင်း CYLA က သတိပေး ထုတ်ပြန်ထားတာဖြစ်ပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

မရာဒေသမှာ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် လူငယ် ၁၀၀ ကျော်ကို MDF ဖမ်းဆီးခေါ်ဆောင်

ဧပြီ ၈၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ မရာဒေသမှာ မရာနယ်မြေကာကွယ်ရေးတပ်ဖွဲ့ (MDF) က စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်ပြီးနောက် ဒေသခံလူငယ် ၁၀၀ ကျော်ကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၄ ...

ဆက်ဖတ်ရန်