ဒုသမ္မတအဖြစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒေါ်နန်းနီနီအေးတို့အနိုင်ရ

မတ် ၃၁၊ ၂၀၂၆
Zalen

အကြမ်းဖက်စစ်တပ်ကဖွဲ့စည်းမယ့်အမည်ခံအစိုးရအတွက် ဒုသမ္မတအဖြစ် ပြည်သူ့လွှတ်တော်အစုအဖွဲ့ နဲ့ အမျိုးသားလွှတ်တော်အစုအဖွဲ့ အသီးသီးက မဲခွဲဆုံးဖြတ်ခဲ့ကြရာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ ဒေါ်နန်းနီးနီးအေးတို့ကအနိုင်ရရှိခဲ့ကြကြောင်း စစ်တပ်လက်အောက်ခံ သတင်းမီဒီယာများထံက သိရပါ တယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တက်ရောက်ခွင့်ရှိသူ ၂၆၃ ဦးအနက် ၃ ဦးက ခွင့်ယူ ထားတာကြောင့် ၂၆၀ ဦးတက်ရောက်ခဲ့ကြပြီး သူတို့အနက် ၂၄၇ ဦးက မင်းအောင်လှိုင်ကို မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ ဒေါက်တာကျော်ဆွေက ၁၀ မဲသာရရှိပြီး ပယ်မဲ ၃ မဲရှိခဲ့တယ်လို့သိရပါ တယ်။

ဒုသမ္မတလောင်းအနေဖြင့် မင်းအောင်လှိုင် ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အမည်တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဒေါက်တာကျော်ဆွေကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)က အမည်တင်သွင်းခဲ့တဲ့အတွက်မဲခွဲဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

Zalen ad

အလားတူ ဒီကနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစုအဖွဲ့ အစည်းအဝေးမှာ ဒုသမ္မတအား မဲခွဲဆုံးဖြတ် ခဲ့ကြရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ဒေါ်နန်းနီနီအေးက ၁၁၇ မဲ ရရှိပြီး ဒေါက်တာတူးဂျာက ၃၁ မဲ ရရှိခဲ့တာကြောင့် ဒုသမ္မတအဖြစ် ဒေါ်နန်းနီနီအေးအား တင်မြှောက်ခဲ့ကြတယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်တပ်က ဖွဲ့စည်းမယ့် အမည်ခံအစိုးရအတွက် သမ္မတနဲ့ဒုသမ္မတများ ရွေးချယ်တင်မြှောက်ရန် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့တခုစီက ဒုသမ္မတ ၁ ဦးစီ ရွေးချယ်တင်မြှောက်ရမှာဖြစ်ပြီး ၎င်းတို့ထဲမှ ပြည်ထောင်စုလွှတ်တော်တွင်မဲခွဲဆုံးဖြတ်ကာ မဲအများဆုံးရသူအား သမ္မတအဖြစ် တင်မြှောက်ကာ ကျန်နှစ်ဦးမှာ ဒုသမ္မတများဖြစ်လာမှာဖြစ်ပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ စစ်မှုထမ်းဥပဒေ ရပ်တန့်ရန် ဝါရင့်နိုင်ငံရေးသမားကြီးတွေ စုပေါင်းတောင်းဆို

မတ် ၃၁၊ ၂၀၂၆Zalen နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့၊ ပြည်သူတွေ စိုးရိမ်နေရတဲ့ စစ်မှုထမ်းဥပဒေကို အဆုံးသတ်ဖို့ အချက် ၉ ချက်ပါ တောင်းဆိုချက်ကို PCB က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံရေးဆိုင်ရာ ...

ဆက်ဖတ်ရန်