ဒု-သမ္မတမဲဆန္ဒနယ် ထန်တလန်မြို့မှ လူ(၂၀၀)ကျော် ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်

ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယိုရဲ့မဲဆန္ဒနယ်မြေဖြစ်တဲ့ ထန်တလန်မြို့မှ ဒေသခံ(၂၀၂)ဦးက ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်ကြတယ်လို့သတင်းရရှိပါတယ်။

ပြည်ခိုင်ဖြိုးပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကို ဇွန်လ(၁၅)ရက်တွင် ထန်တလန်မြို့မှာကျင်းပပါတယ်။

ထန်တလန်မြို့ ပြည်ခိုင်ဖြိုးပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကျင်းပစဉ်(ဓာတ်ပုံ- Zo Peng)

Zalen ad

ပြည်ခိုင်ဖြိုးပါတီမှ ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ခံရသူ ဒေါက်တာမူထန်က “သူတို့သဘောထားဆန္ဒအရ ပါတီထဲဝင်လာကြတာပါ။ ဘာလို့ပါတီထဲဝင်လာကြတာလဲဆိုရင်တော့ အရင်အစိုးရခေတ်နဲ့ ဒီအစိုးရလက်ထက်ရဲ့ဖွံ့ဖြိုးရေးလုပ်ဆောင်မှုတွေကြည့်ပြီးတော့ ကျနော်တို့ပါတီလုပ်ဆောင်ချက်ကို ပိုသဘောကျလို့ဖြစ်မယ်ထင်ပါတယ်”ဟုပြောပါတယ်။

အခုပါတီဝင်သစ်တွေဟာ မြို့ပေါ်လူအချို့နဲ့ မြို့နီးနားက ဒေသခံပြည်သူတွေအများစုဖြစ်ကြောင်းသိရပါတယ်။ လက်ရှိ ချင်းပြည်နယ်မှာ ပြည်ခိုင်ဖြိုးပါတီဝင် လေးသောင်းကျော်ထံပါတီဝင်ကဒ်ပြားပေးထားတယ်လို့ ပါတီဗဟိုကေ်ာမတီဝင်တစ်ဦးထံသိရပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်