နည်းပညာတက္ကသိုလ်(ကလေး)ကဖန်တီးထားတဲ့ နေစွမ်းအင်သုံးကားဟာ (၁၂)မိုင်ထိသွားနိုင်

ကလေးမြို့ နည်းပညာတက္ကသိုလ်ကျောင်းသားတွေဖန်တီးထားတဲ့ နေစွမ်းအင်သုံးကားဟာ ဘက်ထရီတစ်ခါအပြည့်ဖြည့်ရင် (၁၂)မိုင်ထိသွားနိုင်ကြောင်း ယင်းကားဖန်တီးရေးအဖွဲ့က ဦးဆောင်သူ ကိုဇော်မင်းသူကပြောပါတယ်။

ယင်းကားဟာ ခြောက်နှစ်မြောက် EC ဘာသာသင်ကြားတဲ့ ကျောင်းသား(၁၀)ဦးက ဖန်တီးထားတာဖြစ်ပြီး ယခုလို အောင်မြင်စွာစမ်းသပ်မောင်းနှင်ရန်အတွက် အချိန်တစ်လခွဲပြင်ဆင်ရပါတယ်။

ကလေးမြို့ နည်းပညာတက္ကသိုလ်ကျောင်းသားတွေဖန်တီးထားတဲ့ နေစွမ်းအင်သုံးကား(Photo: Chit Zaw Oo)

အဖွဲ့ခေါင်းဆောင် ကိုဇော်မင်းသူက “ဒီဇိုင်းကတော့ အင်တာနက်ကနေရှာပြီးတော့ အဲ့ဒါကိုအတုယူပြီးလုပ်ထားတာပါ။ ဆွဲပြီးသား ဒီဇိုင်းကို ကလေးစက်မှုဇုန်က ကိုအောင်စိုးမင်းနဲ့ ကိုလှမင်းဆီမှာအပ်တယ်။ သူတို့က အကြံဉာဏ်တွေအများကြီးပေးထားတာတွေလည်း အများကြီးအထောက်အကူဖြစ်တယ်။ အဲ့ဒီတွက်လည်း သူတို့ပေါ်မှာကျေးဇူးအများကြီးတင်တယ်။  အောက်တိုဘာ(၆)ရက်နေ့က ကျောင်းကနေ ကလေးမြို့ထဲထိ ခြောက်မိုင်ကိုစမ်းသပ်မောင်းနှင်ခဲ့တယ်။ ကျနော်တို့ ကလေးမြို့ကျောင်းမှာ ဒီလိုမျိုးဖန်တီတာဆိုလို့ ပထမဆုံးအကြိမ်ဆိုတော့ ကိုယ်လည်းဂုဏ်ယူတာပေါ့”လို့ပြောပါတယ်။

ဆိုလာ တစ်ပြားမှာ w(၅၀)ရှိတဲ့ ဆိုလာပြား(၆)ပြားနဲ့ ဓာတ်အားသိုလှောင်ဖို့ ဘက်ထရီ(၆)လုံးကို ထည့်သွင်းအသုံးပြုထားပါတယ်။

ဆက်လက်ပြီး “ကားကိုကျောင်းကစီစဉ်ပေးတယ်။ တခြားလိုအပ်တာတွေကတော့ ကျနော်တို့အဖွဲ့သားတွေစိုက်ထုတ်ပြီး ကျောင်းသားဘက်ကစုစုပေါင်း (၂၅)သိန်း ကုန်ကျတယ်”လို့ပြောပါတယ်။

နေစွမ်းအင်သုံး ကားဟာ လူ(၄)ယောက်သာတင်ဆောင်နိုင်ပြီး ကားအလေးချိန်ကတော့ kg(၃၀၀)ရှိပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်