နယူးဒေလီမှာချင်းလူငယ်နှစ်ဦး ဓားထိုးခံရလို့ တစ်ဦးဒဏ်ရာရပြီးဖုန်းနဲ့ပိုက်ဆံအိတ် တွေပါသွား

၁၅၊ အောက်တိုဘာလ၊ ၂၀၂၄

Zalen

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာနေထိုင်တဲ့ ချင်းလူငယ်နှစ်ဦးဟာ အောက်တိုဘာလ ၁၃ ရက်ညပိုင်းမှာ အပြင်ထွက်ရင်း ဘယ်သူမှန်းမသိတဲ့ အိန္ဒိယနိုင်ငံသားများရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး တစ်ဦးက ဓားဒဏ်ရာ ရသွားသလို ဖုန်းနဲ့ပိုက်ဆံအိတ်တွေ လုယက်ခံရတယ်လို့ နယူးဒေလီမြို့မှနေထိုင်တဲ့ ချင်းအမျိုးသားတစ်ဦးထံက သိရပါတယ်။

ဖြစ်စဉ်မှာနယူးဒေလီမြို့ရှိ Hakha Community အသင်းဝင် ချင်းလူငယ်ဖြစ်တဲ့ ဂျိမ်းစ်နဲ့ သူငယ်ချင်းတစ်ဦး တို့ဟာ ညဘက်အပြင်ထွက်ရင်း Chanakya Place ရပ်ကွက်မှာအိန္ဒိယလူဆိုးတွေကဝိုင်းဝန်းဖမ်းဆီးကြပြီး ဂျိမ်းစ်ရဲ့ ခြေထောက်ကိုဓားနဲ့ထိုးတဲ့အပြင် ၎င်းသူငယ်ချင်းရဲ့ ဖုန်းနဲ့ပိုက်ဆံအိတ်တွေကို လုယက်သွားတယ် လို့ သိရပါတယ်။

“အခုရက်ပိုင်းက ကုလားတွေရဲ့ရိုးရာပွဲတစ်ခုရှိတယ်လေ။ အဲဒီအချိန်ဆို လူဆိုးလူမိုက်တွေအရမ်းပေါတယ်။ ညဘက်တွေအပြင်သိပ်မထွက်တာကောင်းတယ်။ အခုလိုမျိုးသူများကိုတိုက်ခိုက်တဲ့သူတွေကလည်း နေစရာ၊ စားစရာမရှိတဲ့လမ်းဘေးကလူတွေပေါ့နော်။သူတို့လိုလူတွေအရမ်းပေါတယ်သတိထားသင့်တယ်။ အခုတိုက်ခိုက် ခံရတဲ့လူငယ်လေးတွေကလည်း ဒီကိုရောက်လာတာသိပ်မကြာသေးဘူးလို့ကြားတယ်။ဒီကအထာကိုသိပ်မသိ ကြသေးလို့နေမှာ။” လို့ နာမည်မဖော်လိုတဲ့နယူးဒေလီမြို့မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

ဂျိမ်စ်းဟာ ခြေတလုံးအပါ်ဒူးရဲ့အနောက်ဘက်ခြမ်းကို ဓါးထိုးခံရတာဖြစ်ပြီး ချက်ချင်းဆေးရုံပို့ဆောင်ပေးခဲ့တာ ကြောင့် ဒဏ်ရာကပြင်းထန်ပေမယ့် အသက်အန္တရယ်စိုးရိမ်ရတဲ့အဆင့်တော့ မဟုတ်တော့ဘူးလို့သိရပါတယ်။

နယူဒေလီမြို့မှာနေထိုင်သူတစ်ဦး ကလည်းအဆိုပါ ကိစ္စနဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။

နယူးဒေလီမြို့ ကျွန်တော်တို့နေထိုင်စဥ် အတွင်း အထူးသဖြင့်လူငယ်ပိုင်းတွေသတိရှိရှိနဲ့နေထိုင်ဖို့လိုတယ်။ သူတို့ ( အိန္ဒိယလူမျိုး) တွေအတွက် ကျွန်တော် တို့ရဲ့အသက်ဟာ ဘာမှမဟုတ်ဘူး။ သူတို့နဲ့စကားများခဲ့ရင်တောင်ကျွန်တော်တို့ ဘက်က အလျှော့ပေးဖို့လိုတယ်။ ဒေလီမှာနေထိုင်စဉ်အတွင်း သတိရှိရှိနဲ့နေထိုင်ကြပါ လို့ ၎င်းလူမှုကွန်ယက်စာမျက်နှာ ကနေဖော်ပြထားပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်