နှစ်လအတွင်း ငွေလိမ်ဂိုဏ်း သံသယရှိသူ ၅ထောင်နီးပါး မြန်မာက တရုတ်နိုင်ငံကိုလွဲပေး

၂၆၊ အောက်တိုဘာ၊ ၂၀၂၃

အခုနှစ် စက်တင်ဘာလကနေ အောက်တိုဘာအထိ နှစ်လအတွင်းမှာ မြန်မာနိုင်ငံ မြောက်ပိုင်းက ငွေလိမ်ဂိုဏ်း သံသယ ရှိသူ ငါးထောင်းနီးပါးကို မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံ လွဲပြောင်းပေးထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အောက်တိုဘာ ၂၅ရက်နေ့က ထုတ်ပြန်ပါတယ်။

တရုတ်သံအမတ် မစ္စတာချန်ဟိုင်းက အခုလို မြန်မာရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးကြောင်းနဲ့  အွန်လိုင်းလောင်းကစား လိမ်လည်သူတွေ၊ ပြစ်မှုကျူးလွန်မှုတွေကို  ပြတ်သားစွာ တိုက်ဖျက်ပြီး နှစ်နိုင်ငံ အကျိုးစီးပွားကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမယ်လို့ ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တရုတ်သံအမတ် မစ္စတာချန်ဟိုင်းက  အောက်တိုဘာလ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့တွေမှာ နေပြည်တော်ရှိ မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပြီးနောက်မှာ အခုလို ထုတ်ပြန်ပြောကြားခဲ့တာဖြစ်ပါတယ်။

 အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နဲ့ ပတ်သက်ပြီး တိုက်ဖျက်ရေးလှုပ်ရှားမှုတွေကို နက်နက်ရှိုင်းရှိုင်းဖော်ဆောင်ပြီး နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုးစီးပွားကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမယ်လို့ လည်း တရုတ်သံရုံးဘက်ကပြောထားပါတယ်။

အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က အရာရှိနှစ်ဦးဖြစ်တဲ့ ‘ဝ’ ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်း နဲ့ မိုင်းလင်းခရိုင်မှူး အိုက်ဟော့ ကို တရုတ်နိုင်ငံ အောက်တိုဘာ ၁၂ ရက်နေ့မှာ ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

အဲဒီအရာရှိနှစ်ဦးကို ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ရာထူးကနေ ထုတ်ပယ်ခဲ့သလို စစ်ကောင်စီတပ်ကလည်း ဖမ်းဝရမ်းထုတ်ထားပါတယ်။ 

ချစ်ခြင်းနွေ

နောက်ဆုံးရသတင်းများ

ဝင်ငွေထွက်ငွေမမျှလို့ ညည်းတွားနေရတဲ့ အိမ်ရှင်မတွေ

စာရေးသူ-ဇို စျေးကြီးတစ်ခုရဲ့ ကုန်စိမ်းတန်းဘက်ရောက်လာတော့ စျေးသည်အမျိုးသမီးတစ်ဦး မျက်နှာမ သာမယာနဲ့ ထိုင်နေတာကို သတိထားမိတယ်။ သူ့အနားရောက်တော့ ဘာကြောင့်မျက်နှာမကောင်းဖြစ်နေတယ်ဆိုတဲ့အဖြေကို သိလိုက်ရတယ်။ အဲဒီစျေးသည်အမျိုးသမီးက အသီးအနှံတွေ ရောင်းတာပါ။ အထူးသဖြင့် ရာသီပေါ်တွေဖြစ်တဲ့ သြဇာသီး၊ ကြက်မောက်သီး၊ မာလကာသီး စတဲ့အသီးအနှံတွေပဲ ...

ဆက်ဖတ်ရန်