နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ထိုင်းမျိုးချစ်အဖွဲ့က မြန်မာနိုင်ငံသားတွေကို လိုက်လံစစ်ဆေးပြီး ကိုယ်ထိလက်ရောက် ကျူးလွန်နေ

ဇန်နဝါရီ ၂၁၊ ၂၀၂၆။
Zalen

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ အယုဒ္ဓယမြို့မှာ နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ထိုင်းမျိုးချစ်အဖွဲ့က မြန်မာနိုင်ငံသားတွေကို လိုက်လံစစ်ဆေးပြီး ကိုယ်ထိလက်ရောက် ကျူးလွန်နေတယ်လို့ ထိုင်းရောက် မြန်မာတချို့ဆီက သိရပါတယ်။

ဘန်ကောက်နဲ့ အယုဒ္ဓယမြို့မှာ အခုရက်ပိုင်း မြန်မာနဲ့ ထိုင်းနိုင်ငံသားတချို့တို့ ဖြစ်ပွားတဲ့ ပဋိပက္ခတွေကြောင့် ထိုင်းမျိုးချစ်အဖွဲ့က မြန်မာနိုင်ငံသားတွေကို လိုက်လံစစ်ဆေးပြီး ကိုယ်ထိလက်ရောက် ကျူးလွန်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

“အခုရက်ပိုင်း ထိုင်းနဲ့မြန်မာ ရန်ဖြစ်ရင် လိုင်းပေါ် တင်ကြတယ်။ ပြဿနာက ဘာမှလည်း မဟုတ်ဘူး။ ကားနဲ့ ဆိုင်ကယ်တိုက်တာလို့ ဘာတို့ဘဲရှိပါတယ်။ အဲဒါကို နှုတ်ခမ်းမွေး အဖွဲ့က မြန်မာတွေရဲ့ ဆိုင်ကယ်တွေ၊ ကားတွေစစ်ဆေးတယ်။ စကားပြောတာ အဆင်မပြေရင် အဲမှာကိုယ်ထိလက်ရောက် စော်ကားခံရတယ်” လို့ အယုဒ္ဓယမြို့ရှိ မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။

Zalen ad

နှုတ်ခမ်းမွေး ခေါင်းဆောင်တဲ့ ထိုင်းမျိုးချစ်အဖွဲ့က အခုရက်ပိုင်း မြန်မာတွေကို လိုက်လံစစ်ဆေးပြီး ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေ ရှိနေတာကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ အသွားလာ အထူးဂရုစိုက် သတိပြုဖို့ လိုအပ်ပါတယ်။

“သူတို့ ကိုယ်ထိလက်ရောက် ကျူးလွန်သွားလည်း ကိုယ်ကဘာမှပြန်လုပ်လို့ မရဘူးလေ။ အဲဒါကြောင့် သူတို့နဲ့တွေ့တော့လည်း အေးဆေးအစစ်ဆေးခံပေးလိုက်တာ အကောင်းဆုံးပဲ။ နောက်ပြီး အသွားလာအနေထိုင် ဆင်ခြင်ဖို့လည်း လိုအပ်တယ်။ ပိုဆိုးတာက ပြီးခဲ့တဲ့ ရက်ကဆို ရန်ပွဲက ဆက်တိုက်ကြီးဖြစ်နေပါတယ်”လို့ ဘန်ကောက်မြို့ရှိ မြန်မာအမျိုးသားတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နဲ့ ၁၁ ရက်နေ့က ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နဲ့ စမွတ်ပရကန်မြို့မှာ ထိုင်းနိုင်ငံသားနဲ့ မြန်မာနိုင်ငံသားတို့ ရိုက်နှက်မှုဖြစ်ပွားခဲ့ပါတယ်။
သတင်း-ဆလိုင်း
ဓာတ်ပုံ-လူမှုကွန်ယက်
#ထိုင်း#နှုတ်ခမ်းမွေး #Zalen

နောက်ဆုံးရသတင်းများ

စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆ Zalen အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း ...

ဆက်ဖတ်ရန်