ပခုက္ကူမှာချင်းလူငယ်နှစ်ဦးဆိုင်ကယ်မောင်းစဉ် နောက်မှကားဖြစ်တိုက်ခံရ လူနာတစ်ယောက် မန္တလေးသို့လွဲပြောင်း

ပခုက္ကူမြို့မှာ ချင်းလူငယ်နှစ်ဦးစီးနှင်လာတဲ့ဆိုင်ကယ်ကို နောက်ကနေ ကားတစ်စီးကဝင်တိုက်မှု ဇူလိုင်(၂၄)ရက် ညနေ (၈)နာရီခန့်တွင်ဖြစ်ပွားတယ်။

ဖြစ်စဉ်မှာ ယဉ်မောင်း ဆလိုင်း အောင်လိန်းထန် (သချာၤမေဂျာ ကျောင်းပြီး) နဲ့မိုင် မေရီလင်း (ပထဝီဝင်၊ ဒုတိယနှစ်) တို့ စီးနှင်းလာသော ဆိုင်ကယ်ဟာ ပခုက္ကူမြို့၊ မြို့ပတ်လမ်း၌ မြှောက်မှတောင်သို့ လမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်အနီးတွင် ယဉ်မောင်းအမည်မသိ မောင်းနှင်လာသော ကားအနက်ရောင် ကားနံပါတ် 5J – 5678မှ နောက်ကနေ ဝင်တိုက်ပါတယ်။ နောက်ပါစီးနှင်းသူ မိုင် မေရီလင်းမှာ ဦးခေါင်းပြင်းထန်ဒါဏ်ရာ၊ ခါး၊ ခြေလက်များ ထိကာ ကောင်းမွန်စွာ သတိရခြင်းမရှိပဲ ပခုက္ကူပြည်သူဆေးရုံကြီးသို့ အရေးပေါ် ဆေးရုံတင်ရပါတယ်။ ဇူလိုင်(၂၅)ရက် နံနက် (၂)နာရီမှာ မိုင်မေရီလင်းကို ပခုက္ကူပြည်သူ့ဆေးရုံကနေ မန္တလေးပြည်သူ့ဆေးရုံသို့ဖြူစင်သူပရဟိတအသင်းနာရေးယာဉ်နဲ့လွှဲပြောင်းထားပါတယ်။ ယဉ်မောင်သူ ဆလိုင်း အောင်လိန်းထန်မှာလည်း ဘယ်ခြေဖဝါးနှင် လက်များတွင် ဒါဏ်ရာရရှိထားပါတယ်။

ဆိုင်ကယ်နောက်ကနေ ဝင်တိုက်သွားတဲ့ မော်တော်ယာဉ်ကို ယင်းညတွင်ဖမ်းဆီးရမိပေမယ့် ယာဉ်မောင်းအား ဖမ်းဆီးနိုင်ခြင်းမရှိသေးပါ။

 

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်