ပညာရေးဝန်ထမ်း ချင်းအမျိုးသမီးတစ်ဦး ဓားဒဏ်ရာ (၇)ချက်နဲ့ သေဆုံးလျက်တွေ့ရှိ

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ချင်းအမျိုးသမီး ပညာရေးဝန်ထမ်းတစ်ဦးကို ဓားဒဏ်ရာ (၇)ချက်နဲ့ သေဆုံးလျက် စက်တင်ဘာလ (၃၀)ရက် ညနေပိုင်းတွင်တွေ့ရကြောင်း ကုက္ကိုကုန်း ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးထံမှသတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ တောင်တွင်းကြီးမြို့နယ် သရက်ခုံကျေးရွာနေ မိုင်သန်းသန်းစိုး(၃၄ နှစ်)ဟာ တက်ပုအောင်းကျေးရွာ အ.ထ.က ကျောင်းတွင် စာရေးအဖြစ်တာဝန်ထမ်းဆောင်ပြီး စက်တင်ဘာ (၃၀) ရက် ညနေပိုင်း ကျောင်းမှအပြန် တက်ပုအောင်းကျေးရွာနဲ့ သရက်ခုံရွာကြားမှာ ဆိုင်ကယ်လမ်းသာရှိတဲ့ မြက်ခင်းကွင်းမှာ လွန်ခဲ့တဲ့ တစ်နှစ်က ရန်ငြိုးရန်စရှိခဲ့ဖူးသူ တက်ပုအောင်းရွာသား ဖိုးပျိုး (ခ)စိုးနိုင် (၂၀ နှစ်) က ကိုင်းခုတ်ဓားနဲ့ ဦးခေါင်း၊ မျက်နှာ၊ နားရွက် နဲ့ တင်ပါးတွေမှာ ခုတ်သတ်ခဲ့ပါတယ်။ အလောင်းဟာ ထမိန်းလျောကျနေပြီး သားမယားပြုကျင့်မှု ရှိ၊ မရှိ ဆေးစစ်လျက်ရှိကြောင်းသိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကုက္ကိုကုန်း ရဲစခန်း မှုခင်းဖမ်းဆီးရေးတာဝန်ခံ ဒုရဲအုပ် သော်ဇင်အောင်က “သူတို့ နှစ်ယောက်က အရင်က ရန်ငြိုးရန်စရှိခဲ့လို့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးထိရောက်ဖူးတယ်လို့ကြားရတယ်။ ဖြစ်စဉ်အသေးစိတ်ကိုတော့ ကျူးလွန်သူကိုစစ်ဆေးနေတုန်းပါ” လို့ပြောပါတယ်။

ကျူးလွန်သူ ဖိုးပျိုး (ခ) စိုးနိုင်ကို နယ်မြေခံရဲတပ်ဖွဲ့ လိုက်လံဖမ်းဆီးရာ ထန်းတောကြီးကျေးရွာအနီး ဆိုင်ကယ်ပြင်ဆိုင်တစ်ခုမှာ ယင်းညမှာပဲ ဖမ်းဆီးရမိပြီး တောင်တွင်းကြီးမြို့မရဲစခန်းသို့ပို့ဆောင်ခဲ့ကြပါတယ်။ ၎င်းကို ရာဇသတ်ကြီး ပုဒ်မ (၃၀၂)နဲ့ အမှုဖွင့်ထားပါတယ်။

မိုင်သန်းသန်းစိုးဟာ လူမမယ် ကလေးနှစ်ယောက် မိခင်ဖြစ်ပြီး မုဆိုးမ တစ်ဦးလည်းဖြစ်ပါတယ်။

(Zawgyi)

ပညာေရးဝန္ထမ္း ခ်င္းအမ်ိဳးသမီးတစ္ဦး ဓားဒဏ္ရာ (၇)ခ်က္နဲ႔ ေသဆုံးလ်က္ေတြ႕ရွိ

မေကြးတိုင္းေဒသႀကီး ေတာင္တြင္းႀကီးၿမိဳ႕နယ္တြင္ ခ်င္းအမ်ိဳးသမီး ပညာေရးဝန္ထမ္းတစ္ဦးကို ဓားဒဏ္ရာ (၇)ခ်က္နဲ႔ ေသဆုံးလ်က္ စက္တင္ဘာလ (၃၀)ရက္ ညေနပိုင္းတြင္ေတြ႕ရေၾကာင္း ကုကၠိဳကုန္း ရဲစခန္းမွ တာဝန္ရွိသူတစ္ဦးထံမွသတင္းရရွိပါတယ္။

ျဖစ္စဥ္မွာ ေတာင္တြင္းႀကီးၿမိဳ႕နယ္ သရက္ခုံေက်း႐ြာေန မိုင္သန္းသန္းစိုး(၃၄ ႏွစ္)ဟာ တက္ပုေအာင္းေက်း႐ြာ အ.ထ.က ေက်ာင္းတြင္ စာေရးအျဖစ္တာဝန္ထမ္းေဆာင္ၿပီး စက္တင္ဘာ (၃၀) ရက္ ညေနပိုင္း ေက်ာင္းမွအျပန္ တက္ပုေအာင္းေက်း႐ြာနဲ႔ သရက္ခုံ႐ြာၾကားမွာ ဆိုင္ကယ္လမ္းသာရွိတဲ့ ျမက္ခင္းကြင္းမွာ လြန္ခဲ့တဲ့ တစ္ႏွစ္က ရန္ၿငိဳးရန္စရွိခဲ့ဖူးသူ တက္ပုေအာင္း႐ြာသား ဖိုးပ်ိဳး (ခ)စိုးႏိုင္ (၂၀ ႏွစ္) က ကိုင္းခုတ္ဓားနဲ႔ ဦးေခါင္း၊ မ်က္ႏွာ၊ နား႐ြက္ နဲ႔ တင္ပါးေတြမွာ ခုတ္သတ္ခဲ့ပါတယ္။ အေလာင္းဟာ ထမိန္းေလ်ာက်ေနၿပီး သားမယားျပဳက်င့္မႈ ရွိ၊ မရွိ ေဆးစစ္လ်က္ရွိေၾကာင္းသိရပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ကုကၠိဳကုန္း ရဲစခန္း မႈခင္းဖမ္းဆီးေရးတာဝန္ခံ ဒုရဲအုပ္ ေသာ္ဇင္ေအာင္က “သူတို႔ ႏွစ္ေယာက္က အရင္က ရန္ၿငိဳးရန္စရွိခဲ့လို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး႐ုံးထိေရာက္ဖူးတယ္လို႔ၾကားရတယ္။ ျဖစ္စဥ္အေသးစိတ္ကိုေတာ့ က်ဴးလြန္သူကိုစစ္ေဆးေနတုန္းပါ” လို႔ေျပာပါတယ္။

က်ဴးလြန္သူ ဖိုးပ်ိဳး (ခ) စိုးႏိုင္ကို နယ္ေျမခံရဲတပ္ဖြဲ႕ လိုက္လံဖမ္းဆီးရာ ထန္းေတာႀကီးေက်း႐ြာအနီး ဆိုင္ကယ္ျပင္ဆိုင္တစ္ခုမွာ ယင္းညမွာပဲ ဖမ္းဆီးရမိၿပီး ေတာင္တြင္းႀကီးၿမိဳ႕မရဲစခန္းသို႔ပို႔ေဆာင္ခဲ့ၾကပါတယ္။ ၎ကို ရာဇသတ္ႀကီး ပုဒ္မ (၃၀၂)နဲ႔ အမႈဖြင့္ထားပါတယ္။

မိုင္သန္းသန္းစိုးဟာ လူမမယ္ ကေလးႏွစ္ေယာက္ မိခင္ျဖစ္ၿပီး မုဆိုးမ တစ္ဦးလည္းျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

တမူးကနေသွားတဲ့ လူနာတင်ကားများကို ကလေးမြို့အဝင် စစ်ကောင်စီဂိတ်ကနေ ဖြတ်သန်းခွင့်ပိတ်

၁၉ အောက်တိုဘာ၊ ၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ ကလေးမြို့ကို ဆေးဝါးကုသဖို့ သွားတဲ့ အရေးပေါ်လူနာများကို စက်တင်ဘာလကစပြီး ခုချိန်ထိအဝင်မခံလို့ ပြန်လှည့်ခဲ့ရတယ်လို့ လူနာရှင်များက ပြောပါတယ်။ “ကျွန်တော်တို့က ကားနဲ့ကောဆိုင်ကယ်နဲ့လည်း သွားကြတာ။ ကလေးအဝင် ဆည်ကြီးရွာ ...

ဆက်ဖတ်ရန်