ပလက်ဝတွင် မြစ်ရေကျသော်လည်း ရေဘေးဒုက္ခသည်များ အိမ်မပြန်နိုင်သေး

ပလက်ဝတွင် မြစ်ရေကျသော်လည်း ရေဘေးဒုက္ခသည်များ အိမ်မပြန်နိုင်သေး

ပလက်ဝမြို့နယ်တွင် ဇူလိုင် ၁၃ ရက်ကစပြီး မြစ်ရေများမြင့်တက်လာတာကြောင့် ရေဘေးဒုက္ခကြုံတွေ့ရသူ ၂၀၀၀ နီးပါးရှိကြောင်းသတင်းရရှိပါတယ်။

ဇူလိုင် ၁၅ ရက်မှစပြီး ကုလားတန်မြစ်ရေတွေ တဖြည်းဖြည်းကျဆင်းလာသော်လည်း ရေဘေးဒုက္ခသည်များ အိမ်မပြန်နိုင်သေးပါ။

ရေကြီးခြင်းကြောင့် ပလက်ဝမြို့နဲ့ ကျေးရွာ ၁၁ ရွာမှ အိမ်ခြေ ၃၃၆ အိမ်၊ လူဦးရေ ၁၇၂၀ တို့ဟာ ရေဘေးကြုံတွေ့နေကြပါတယ်။ မြို့ပေါ်ရပ်ကွက် ၄ခုလည်း ရေလွမ်းသွားတာကြောင့် အိမ် ၁၅၀ နစ်မြုပ်ပြီး လူဦးရေ ၉၀၀ ခန့် ကျောင်း၊ အားကာရုံ၊ ဘာသာရေးကျောင်းတွေမှာခိုလုံကြပါတယ်။ ပလက်ဝမြို့နယ် ဆမီးမြို့အနီးမီးချောင်းရေကြီးတာကြောင့် ရပ်ကွက်သုံး ရပ်ကွက်မှာရေလွမ်းမိုးတာကြောင့် အိမ် ၅၀ ခန့်နစ်မြုပ်ပြီး လူဦးရေ ၂၀၀ ခန့် ရေဘေးကြုံတွေ့နေပါတယ်။

ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်က “ရေကျပေမယ့် တစ်ပတ်အတွင်းတော့ အိမ်ပြန်နိုင်မယ့်အနေအထားမှာမရှိဘူး။ တချို့အိမ်တွေက ရေထဲမျောသွားတယ်။ တချို့အိမ်က ယိုင်နေတယ်။ တချို့အိမ်က ရွံ့တွေရှင်းရမယ်။ မြစ်ကမ်းနားကအိမ်တွေဆို ဒီထက်ကြာနိုင်တယ်။ မြစ်ရေကြီးလို့ ရေလမ်းသွားလို့မရတော့ ကျနော်တို့လည်း သုံးလေးရက်လောက် ပလက်ဝမှာသောင်တင်တော့ လွှတ်တော်အစည်းအဝေးတောင် အမှီမရောက်နိုင်တော့ဘူး။ မနက်ဖြန် ညနေလောက်မှပဲ နေပြည်တော်ပြန်ရောက်မယ်ထင်တယ်” လို့ပြောပါတယ်။

ကုလားတန်မြစ်ရေဟာ ဇူလိုင် ၁၆ ရက်မှာတော့ ၁၀ ပေလောက် ရေပြန်ကျသွားတယ်လို့သိရပါတယ်။ ပလက်ဝအထက်ပိုင်းနဲ့ ကျောက်တော်ဘက်ကိုလည်း စက်လှေတွေသွားနေကြပါပြီ။

နောက်ဆုံးရသတင်းများ

ဒေါ်လာ၁၂သန်းကြောင့် အမေရိကန်ထောက်ပို့ကို CNA/CNF လုပ်ကြံအစ​ဖျောက်ဆိုတဲ့ သတင်းအမှား

မေ ၁၊ ၂၀၂၅။ Zalen အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ ချင်းပြည်ကောင်စီ အမေရိကန်ထောက်ပို့ Pu Van Uk Cung ကို ဒေါ်လာ ၁၂ သန်းကြောင့် CNF/CNA ကလုပ်ကြံ အစဖျောက်ဆိုတဲ့ သတင်းကို နေပြည်တော်အမည်ရှိ ...

ဆက်ဖတ်ရန်