ပလက်ဝနဲ့ကချင်ဒုက္ခသည်တွေအတွက် ဧပြီလတွင် ဆုတောင်းခြင်းနဲ့အထူးအလှူငွေပေးအပ်ခြင်းအစီအစဉ်ကျင်းပမယ်

 

ပလက်ဝနဲ့ကချင်ဒုက္ခသည်တွေအတွက် ဧပြီလတွင် ဆုတောင်းခြင်းနဲ့အထူးအလှူငွေပေးအပ်ခြင်းအစီအစဉ်ကျင်းပမယ်
ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အောက်မှာရှိတဲ့အသင်းတွေ ဧပြီလ ဒုတိယပတ်နဲ့တတိယပတ်ကို ပလက်ဝနဲ့ ကချင်စစ်ဘေးဒုက္ခသည်တွေအတွက် ဆိုတောင်းခြင်းနဲ့အထူးအလှူငွေထည့်ဝင်ခြင်းအစီအစဉ်ကျင်းပဖို့ (၂၃)ကြိမ်မြောက် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် သင်းလုံးကျွတ်ဓမ္မညီလာခံအစည်းအဝေးမှာဆုံးဖြတ်ကြပါတယ်။


ယင်းအစည်းအဝေးကို ထန်တလန်မြို့တွင် မတ်လ (၂၁)ရက်ကနေ (၂၄)ရက်ထိ ကျင်းပနေပါတယ်။
ပလက်ဝမြို့နယ် စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ဆုတောင်းခြင်းနဲ့အထူးအလှူငွေထည့်ဝင်ခြင်းကို ဧပြီလ(၁၄)ရက်နေ့တွင် အသင်းတော်တိုင်းမှာကျင်းပသလို ကချင်ပြည်နယ် စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ဧပြီလ(၂၁)ရက်နေ့မှာ ဆုတောင်းခြင်းနဲ့အထူးအလှူငွေထည့်ဝင်ခြင်းတို့ပြုလုပ်မှာဖြစ်ပါတယ်။ ယင်းနေ့အလှူငွေအားလုံးကို ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရုံးသို့အမြန်ဆုံးပေးပို့ပြီး အဖွဲ့ချုပ်ကထပ်ဆင့်ပေးပို့သွားမှာဖြစ်ပါတယ်။
ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်တွင် အသင်းတော်ပေါင်း (၉၀၇)ပါး၊ အိမ်ခြေ စုစုပေါင်း(၄၀၁၆၆)နဲ့ လူဦးရေစုစုပေါင်း (၂၀၁၄၀၁)ဦးရှိပါတယ်။

Zalen ad

ပလက်ဝမြို့နယ်ထွေအုပ်စာရင်းအရ စစ်ဘေးရှောင် ကျေးရွာ(၁၁)နဲ့လူဦးရေ နှစ်ထောင်ကျော်ရှိပေမယ့် တိုက်ပွဲပိုမိုပြင်းထန်လာတာကြောင့် ကျေးရွာအများစုမှာ တောင်ယာမခုတ်နိုင်ပဲဖြစ်နေကြတယ်။ ဒါကြောင့် ဒီနှစ်ကစပြီးနောက်နှစ်အတွက် စားနပ်ရိက္ခာအကြပ်အတည်း ကြုံတွေ့မယ့် အလားအလာရှိနေပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်