ပလက်ဝမှာ ဆန်နဲ့လူ(၁၉)ယောက်တင်လာတဲ့စက်လှေနှစ်စီးကို အေအေတပ်ဖွဲ့ကဖမ်းဆီး

ပလက်ဝမှာ ဆန်နဲ့လူ(၁၉)ယောက်တင်လာတဲ့စက်လှေနှစ်စီးကို အေအေတပ်ဖွဲ့ကဖမ်းဆီး
ပလက်ဝမြို့မှ တောင်ပြိုရွာသို့သွားတဲ့ ဆန်နဲ့ ခရီးသည်တင်ဆောင်လာတဲ့ စက်လှေနှစ်စီးကို အေအေလက်နက်ကိုင်တပ်ဖွဲ့က ဒီမနက်ဖမ်းဆီးသွားတယ်လို့သတင်းရရှိပါတယ်။
အခုလိုဖမ်းဆီးခံရတာဟာ ပလက်ဝမြို့ကနေ ၁၀ မိုင်အကွာ ကျီးလေရွာမရောက်ခင်မှာဖြစ်ပြီး ပလက်ဝဒေသခံတွေ အဓိကသွားလာတဲ့ ကုလားတန်မြစ်ကြောင်းပေါ်မှာ အခုလိုဖြစ်ပွားတာဖြစ်ပါတယ်။ ၎င်းစက်လှေထဲတွင် အမျိုးသမီး (၉)ဦးအပါအဝင် လူ (၁၉)ဦးလိုက်ပါသွားပါတယ်။
ပလက်ဝမြို့ဒေသခံတစ်ဦးက “စက်လှေတွေ အေအေက ဖမ်းဆီးသွားတယ်ဆိုတာ မှန်ပါတယ်”လို့ ပြောပါတယ်။
အေအေလက်နက်ကိုင်တပ်ဖွဲ့တွေဖမ်းဆီးထားတဲ့ခရီးသွားပြည်သူတွေအကြောင်းကို ညနေ (၆)နာရီထိ ဘာသတင်းမှမကြားရသေးပါ။

နောက်ဆုံးရသတင်းများ

ZZLMS နယ်မြေအတွင်းရှိလူငယ်လူရွယ်များအတွက် ခရီးသွားလာခွင့်ကန့်သတ်

ဒီဇင်ဘာ ၂၀၊ ၂၀၂၅ Zalen ချင်းပြည်နယ် အလယ်ပိုင်းမှာရှိတဲ့ ZZLMS နယ်မြေဧရိယာအတွင်းရှိ လူငယ်များအနေဖြင့် တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်ကြရန် ဖိတ်ခေါ်ထားပြီး ခရီးသွားလာခွင့်ကိုလည်းကန့်သတ်ကြောင်း ZZLMS က ဒီကနေ့ထုတ်ပြန်ပါတယ်။ ZZLMS ဟာ ဇိုတုန်၊ ဇိုဖဲ၊ ...

ဆက်ဖတ်ရန်