ပလက်ဝမှာ တပ်မတော်က ညမထွက်ရ အမိန့်ထုတ်

တပ်မတော်က ပလက်ဝမြို့နယ်မှာ ညနေ(၆)နာရီကနေ မနက် (၆)ထိ ညမထွက်ရအမိန့်ကို မေလ(၁၅)ရက်ကထုတ်ပြန်ထားတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။

အခုလို ညမထွက်အမိန့်ထုတ်ပြန်တာဟာ မေလ(၃)ရက်ကနေစပြီး ပလက်ဝနဲ့အိန္ဒိနယ်စပ်မှာ တပ်မတော်နဲ့ အေအေတပ်မတော်တို့တိုက်ပွဲဖြစ်တဲ့တွက်ကြောင့်လို့လည်းသိရပါတယ်။

၂၀၁၇ တုန်းက တပ်မတော်နဲ့အေအေတိုက်ပွဲကြောင့် ကုလားတန်မြစ်ကမ်းပေါ်စစ်ဘေးရှောင်စခန်း

“ညမထွက်ရအမိန့်ကို လမ်းဘေးမှာကပ်ထားတယ်။ တောရွာဘက်မှာတော့ ရွာစော်ကပြောတယ်။ ဒီလို ညမထွက်ရအမိန့်ထုတ်တော့ တခါတလေ အရေးပေါ်လူနာတွေရှိရင် တပ်စခန်းတွေမှာ သတင်းပို့ရတယ်။ ပြီးမှပဲသွားလို့ရတယ်။ တောရွာဘက်မှာတော့ နေ့ခင်းမှာတောင် မိုင်းထောင်ထားတယ်ဆိုပြီး တောင်ယာမသွားခိုင်းဘူး”လို့ ပလက်ဝမြို့ ဒေသခံ တစ်ဦးကဆိုပါတယ်။

ရခိုင်တပ်မတော်နဲ့ ဗမာတပ်မတော်ဟာ ၂၀၁၅ ခုနှစ် ဧပြီလကစပြီး ပလက်ဝမြို့နယ်မှစတင်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ပြီးနောက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလမှာ ဒုတိယအကြိမ်တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်။

အခုတိုက်ပွဲဖြစ်ပွားတဲ့နေရာကတော့ ၂၀၁၇ ခုနှစ်တုန်းက တိုက်ပွဲဖြစ်တဲ့ ပြိုင်စိုကျေးရွာနားမှာဖြစ်ပြီး ပြိုင်စိုကျေးရွာ ပြည်သူတွေကတော့ အရင်နှစ်တိုက်ပွဲမှာတစ်ရွာလုံး စစ်ဘေးရှောင်ခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းများ

နာဂဒေသ အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးကိစ္စနဲ့ ပတ်သက်ပြီး ညီညွတ်သောတန်ရှန်းနာဂကောင်စီ နဲ့ အိန္ဒိယတာဝန်ရှိသူများတွေဆုံ

ဒီဇင်ဘာ ၁ရက်၊ ၂၀၂၅ ။ Zalen စစ်ကိုင်းတိုင်းဒေသကြီး ၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ ၊ အိန္ဒိယမြန်မာနယ်စပ် ခြံစည်းရိုးကာရံမှု စီမံကိန်းနဲ့ ပတ်သက်ပြီး ညီညွတ်သောတန်ရှန်းနာဂကောင်စီ ( UTNC ) နဲ့ အိန္ဒိယ တာဝန်ရှိသူများတွေ့ဆုံခဲ့တယ်လို့ ...

ဆက်ဖတ်ရန်