ပလက်ဝမြို့နယ်တိုက်ပွဲကြောင့် ကုလက်ချောင်းနှစ်ခြင်းခရစ်ယာန်ဧရိယာ သင်းလုံးကျွတ်အစည်းအဝေးမှာကိုယ်စားလှယ်ထက်ဝက်ခန့်မလာနိုင်

 

ပလက်ဝမြို့နယ်တိုက်ပွဲကြောင့် ကုလက်ချောင်းနှစ်ခြင်းခရစ်ယာန်ဧရိယာ သင်းလုံးကျွတ်အစည်းအဝေးမှာကိုယ်စားလှယ်ထက်ဝက်ခန့်မလာနိုင်
ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ အေအေကြားတိုက်ပွဲဖြစ်ပွားနေတာကြောင့် ယင်းနယ်မြေမှာရှိတဲ့ ကုလက်ချောင်းနှစ်ခြင်းခရစ်ယာန်ဧရိယာ သင်းလုံးကျွတ်အစည်းအဝေးမှာကိုယ်စားလှယ် (၂၀၀)ကျော်လာရောက်ဖို့ခန့်မှန်းထားပေမယ့် (၄၀)ကျော်သာလာရောက်နိုင်ပါတယ်။
သုံးနှစ်တစ်ကြိမ်ကျင်းပတဲ့ သင်းလုံးကျွတ်အစည်းအဝေးကို ဇန်နဝါရီလ (၁၀)ရက်ကနေ (၁၃)ရက်ထိ ကုလားတန်မြစ်အထက်ဘက် မီးဇာကျေးရွာနှစ်ခြင်းအသင်းတော်မှာကျင်းပတယ်။

မီးဇာကျေးရွာထဲမှ တပ်မတော်သားတစ်ဦး ဇန်နဝါရီ (၁၁)ရက်နံနက်ပိုင်းမှာ ဖြတ်သွားနေစဉ်

ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး ကုလက်ချောင်းနှစ်ခြင်းခရစ်ယာန်ဧရိယာအတွင်းရေးမှူးလည်းဖြစ် မီးဇာကျေးရွာ နှစ်ခြင်းအသင်းတော်ရဲ့ သင်းအုပ်ဆရာတော် သိက္ခတော်ရဆရာတော် အောင်စိုးက အခုလိုပြောလိုက်ပါတယ်။
“အခု တိုက်ပွဲအခြေအနေကြောင့် အသင်းတော်အချို့လာရောက်ဖို့အခက်အခဲဖြစ်နေပါတယ်။ ပေါက်တူးဝ၊ အုန်းသီးဝ၊ ရေချမ်းသာ၊ စူရန်ပူ၊ ဒူးချောင်းဝ ကျေးရွာတွေဟာဆို စစ်တပ်က မသွားနဲ့လို့ဆိုတဲ့တွက်ကြောင့် အစည်းအဝေးမရောက်လာနိုင်ဘူး။ ဒါ့ပြင် လောင်းချန်၊ စပ်ချန်၊ ဖင်ဝ အသင်းတော်တွေကျတော့ အေအေတွေက မသွားနဲ့ဆိုတဲ့ပိတ်ပင်မှုကြောင့် မရောက်လာနိုင်ဘူး။ မသွားခိုင်းတဲ့အကြောင်းရင်းက တိုက်ပွဲဖြစ်နေတာကြောင့် စစ်တပ်နှစ်ခုကြားမှာကြားညှပ်မှာစိုးတယ်လို့ပြောပါတယ်။ ဒီအစည်းအဝေးဟာ အနာဂတ်သာသနာရေးဘယ်လိုလုပ်ဆောင်မလဲဆိုတာ ဆွေးနွေးရမယ့်အစည်းအဝေးဖြစ်ပါတယ်။ အခုကိုယ်စားလှယ်လူဦးရေကထက်ဝက်မကျော်တာကြောင့် အစည်းအဝေးတော့မဖြစ်မြောက်ပေမယ့် ကျနော်တို့ ပလက်ဝမြို့နယ် ကုလက်ချောင်းနှစ်ခြင်းခရစ်ယာန်ဧရိယာမှာ စစ်အခြေအနေဘယ်လိုဖြစ်လာမလဲဆိုတာ မသိတဲ့တွက်ချွန်းချက်အနေနဲ့ ဆက်လက်ကျင်းပမှာဖြစ်ပါတယ်။ အခုတော့ နိုင်ငံရေးက ဘာသာရေးလွတ်လပ်ခွင့်ကို တော်တော်ထိခိုက်သွားတယ်လို့ပြောမယ်။ နောက်နောင်မှာ ဒီလိုမျိုးသာဘာရေးပွဲတွေအရှုပ်အယှက်မရှိအောင်သက်ဆိုင်ရာလူကြီးတွေနည်းနည်းပါးပါးတာဝန်ယူပေးစေချင်တယ်”လို့ သိက္ခတော်ရဆရာတော် အောင်စိုးကပြောကြားတယ်။
ဇန်နဝါရီလ (၁၀)ရက်မှာ မီးဇာကျေးရွာကနေ (၅)မိုင်ခန့်အကွာ ကျွန်းချောင်းဝရွာအနီးမှာ အေအေတပ်သားတွေက မီးဇာရွာသား လေးဦးကို နှစ်နာရီကျော်ကြားဖမ်းဆီးပြီး ဓာတ်ပုံတွေရိုက်ကာ ဖုန်းတွေလုယူခဲ့ပါတယ်။ ဒါကြောင့် တပ်မတော်က ဇန်နဝါရီလ (၁၁)ရက်မနက်ပိုင်းမှာ မီးဇာကျေးရွာမှ တစ်မိုင်ခန့်အကွာ ထရွှန်အိုင်ရွာတပ်စခန်းကနေ အေအေတွေရှိတဲ့နေရာကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်