ပလက်ဝမြို့နယ် သံထောင်ရွာ ရဲစခန်းမှူးအပါအဝင် လူလေးယာက်ကို အေအေတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်

ပလက်ဝမြို့နယ် သံထောင်ရွာ ရဲစခန်းမှူးအပါအဝင် လူလေးယာက်ကို အေအေတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်
ရခိုင်ပြည်နယ် မြောက်ဦးမြို့ကနေ စက်လှေနဲ့ (၈)နာရီခရီးအကွာမှာရှိတဲ့ ပလက်ဝမြို့နယ် သံထောင်ကျေးရွာက ရဲစခန်းမှူး ဆလိုင်းဘီးဗာ၊ နယ်ထိန်းတစ်ယောက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချားဟော်နဲ့ရွာသားတစ်ယောက်ကို ဒီမနက်(ဖေဖော်ဝါရီ ၂၂) ၄း၃၀ နာရီမှာ အေအေလက်နက်ကိုင်အဖွဲ့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။
သံထောင်ရွာနဲ့အနီးတဝိုက်မှာ အေအေလက်နက်ကိုင်အဖွဲ့လှုပ်ရှားတာအခုဆို ပထမအကြိမ်ဖြစ်ပါတယ်။
သံထောင်ရွာသား တစ်ဦးက “ရဲစခန်းက ရွာနဲ့ကပ်ရပ်မှာရှိတယ်။ မနက်ပိုင်း အေအေ ယောက်(၄၀)လောက်လာပြီး သေနတ်ကို လေးငါးချက်လောက်ဖောက်တယ်။ ပြီးတော့စခန်းမှူးကိုခေါ်ခိုင်းပြီးသေနတ်ထုတ်ဖို့တောင်းတယ်။ စခန်းမှူးက သေနတ်မထုတ်ပေးတာကြောင့် ရိုက်နှိပ်ပြီးခေါ်သွားကြတယ်။ လူလေးယောက်ကိုရွာထဲကနေခေါ်သွားပြီးတော့ မနက် ၈း၃၀နာရီမှာ တောထဲမှာ သေနတ်သံတွေထပ်ကြားရတယ်။ စခန်းတော့ မကျသေးဘူး။ ရွာလူထုတွေလည်း သေနတ်သံတွေကြားတော့ တော်တော်လေးကြောက်ကြတယ်။ ဒီမနက်ဆို အပြင်လည်းမထွက်ရဲကြဘူး”လို့ပြောပါတယ်။
နံနက် ၄း၃၀နာရီမှာ အေအေလက်နက်ကိုင်အဖွဲ့ကသာ နာရီဝက်ခန့်ပစ်ခတ်ပြီး မနက် ၈း၂၀ နာရီခန့်မှာ အေအေအဖွဲ့ထပ်မံပြီး ရဲစခန်းကိုလာပစ်ကြလို့ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့တယ်။
နံနက် ၉း၅၀နာရီမှာ သံထောင်ရွာတစ်ဖက်ကမ်း ဝတ်ချောင်းရွာနဲ့ ၃မိုင်မှ ၅မိုင်ခန့်အကွာမှာ တပ်မတော်နဲ့အေအေတို့အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီကြောင့် လေးနှစ်ကျော်အတွင်း မသန်စွမ်း ၁၁၇ ဦး သေဆုံး

အောက်တိုဘာ ၂၅၊ ၂၀၂၅ Zalen အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုင်ငံတစ်၀န်းက မသန်စွမ်းသူ စုစုပေါင်း ၁၁၇ ယောက် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ ၂၀၂၁ ...

ဆက်ဖတ်ရန်