ပလက်ဝမြို့နယ် သံထောင်ရွာ ရဲစခန်းမှူးအပါအဝင် လူလေးယာက်ကို အေအေတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်

ပလက်ဝမြို့နယ် သံထောင်ရွာ ရဲစခန်းမှူးအပါအဝင် လူလေးယာက်ကို အေအေတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်
ရခိုင်ပြည်နယ် မြောက်ဦးမြို့ကနေ စက်လှေနဲ့ (၈)နာရီခရီးအကွာမှာရှိတဲ့ ပလက်ဝမြို့နယ် သံထောင်ကျေးရွာက ရဲစခန်းမှူး ဆလိုင်းဘီးဗာ၊ နယ်ထိန်းတစ်ယောက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချားဟော်နဲ့ရွာသားတစ်ယောက်ကို ဒီမနက်(ဖေဖော်ဝါရီ ၂၂) ၄း၃၀ နာရီမှာ အေအေလက်နက်ကိုင်အဖွဲ့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။
သံထောင်ရွာနဲ့အနီးတဝိုက်မှာ အေအေလက်နက်ကိုင်အဖွဲ့လှုပ်ရှားတာအခုဆို ပထမအကြိမ်ဖြစ်ပါတယ်။
သံထောင်ရွာသား တစ်ဦးက “ရဲစခန်းက ရွာနဲ့ကပ်ရပ်မှာရှိတယ်။ မနက်ပိုင်း အေအေ ယောက်(၄၀)လောက်လာပြီး သေနတ်ကို လေးငါးချက်လောက်ဖောက်တယ်။ ပြီးတော့စခန်းမှူးကိုခေါ်ခိုင်းပြီးသေနတ်ထုတ်ဖို့တောင်းတယ်။ စခန်းမှူးက သေနတ်မထုတ်ပေးတာကြောင့် ရိုက်နှိပ်ပြီးခေါ်သွားကြတယ်။ လူလေးယောက်ကိုရွာထဲကနေခေါ်သွားပြီးတော့ မနက် ၈း၃၀နာရီမှာ တောထဲမှာ သေနတ်သံတွေထပ်ကြားရတယ်။ စခန်းတော့ မကျသေးဘူး။ ရွာလူထုတွေလည်း သေနတ်သံတွေကြားတော့ တော်တော်လေးကြောက်ကြတယ်။ ဒီမနက်ဆို အပြင်လည်းမထွက်ရဲကြဘူး”လို့ပြောပါတယ်။
နံနက် ၄း၃၀နာရီမှာ အေအေလက်နက်ကိုင်အဖွဲ့ကသာ နာရီဝက်ခန့်ပစ်ခတ်ပြီး မနက် ၈း၂၀ နာရီခန့်မှာ အေအေအဖွဲ့ထပ်မံပြီး ရဲစခန်းကိုလာပစ်ကြလို့ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့တယ်။
နံနက် ၉း၅၀နာရီမှာ သံထောင်ရွာတစ်ဖက်ကမ်း ဝတ်ချောင်းရွာနဲ့ ၃မိုင်မှ ၅မိုင်ခန့်အကွာမှာ တပ်မတော်နဲ့အေအေတို့အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်