ပလက်ဝကနေ ကုလာတန်မြစ်အထက်ဘက်ကို စက်လှေဖြင့်စစ်ကောင်စီတပ်တွေတက်သွားဟုဆို

ချင်းပြည်နယ်၊ ပလက်ဝမြို့ဆိပ်ကမ်းကနေ ကုလာတန်မြစ်အထက်ဘက်ကို ဒီနေ့ မေ ၂၄ ရက်က စက်လှေအကြီးတစ်စီးနဲ့ တက်သွားတယ်လို့သတင်းရရှိပါတယ်။

၎င်းစက်လှေဟာ အမိုးအကာအုပ်ထားတာကြောင့် အင်အားဘယ်လောက်တင်ဆောင်တာလဲဆိုတာမမြင်ရပေမယ့် ခန့်မှန်းခြေ စစ်သားအင်အား ၁၀၀ ကျော်တင်ဆောင်သွားမယ်လို့ယူဆရပါတယ်။

ကုလာတန်မြစ်အထက်ပိုင်းမှာ ရက္ခိုင့်တပ်မတော် AA တွေကျင်လည်နေတာ ၂၀၁၅ ခုနှစ်ကစတင် တပ်စွဲထားပြီးဖြစ်ပါတယ်။

အရင်ပတ်ကလည်း ပလက်ဝမြို့နယ် လေမြိုမြစ်ကမ်းနဘေးက စစ်တပ်စခန်းတစ်ခုမှာ ရဟတ်ယာဉ်တစ်စီးက ရိက္ခာချဖို့ဆင်းသက်နေစဉ် ရက္ခိုင့်တပ်မတော် AA က လက်နက်ငယ်နဲ့ ပစ်ခတ်လို့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ကြတယ်လို့သတင်းရရှိပါတယ်။

Zawgyi






နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်