ပလက်ဝမြို့က စစ်ကောင်စီ ခလရ ၂၈၉ တပ်ရင်းရှိ တပ်ဖွဲ့ဝင်တွေထွက်ပြေး

၁၃၊ ဇန်နဝါရီ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့ တစ်ဖက်ကမ်းရှိ စစ်ကောင်စီ ခလရ ၂၈၉ တပ်ရင်းမှ တပ်ဖွဲ့ဝင်တွေဟာ ၎င်းတို့ တပ်ရင်းကို စွန့်ခွာထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၂၀၀ နီးပါးရှိတဲ့ စစ်ကောင်စီ ခလရ ၂၈၉ တပ်ရင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ရက္ခိုင့်တပ်တော်(AA)က ၁၀ ရက်ကျော်ကြာ တိုက်ခိုက်ခဲ့ပြီး မနေ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ တပ်ရင်းအား စွန့်ခွာထွက်ပြေးသွားကြတယ်လို့ ဒေသခံ တစ်ဦးက Zalen ကို ပြောပါတယ်။

” မနေ့က တပ်ရင်းကနေ ထွက်ပြေးသွားကြတာပါ။ တပ်ရင်းမှာ စစ်သားတွေ တစ်ယောက်မှ မရှိတော့ဘူး။ မနေ့ကစပြီး ပလက်ဝမှာ ပစ်ခတ်သံ၊ သေနတ်သံတွေလည်း မရှိတော့ဘူး။ လောလောဆယ် အသံတွေ ငြိမ်နေပါတယ်။ ” လို့ ဆိုပါတယ်။

ပလက်ဝမြို့ရှိ စစ်ကောင်စီ ခလရ ၂၈၉ တပ်ရင်းဟာ အနောက်ပိုင်းတိုင်း စစ်ဌာချုပ်(အမ်း)ကွပ်ကဲမူအောက်မှာ တည်ရှိတဲ့ တပ်ရင်းဖြစ်ပါတယ်။အဲ့ဒီ တပ်ရင်းက တပ်မိသားစုဝင်တွေကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင်းမှာ ရန်ကုန်မြို့သို့ ရွှေ့ပြောင်းထားတယ်လို့လည်း သိရပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မူကြောင့် မြောက်ပိုင်းညီနောင်သုံးဖွဲ့တို့နဲ့ စစ်ကောင်စီတို့ နှစ်ရက်ကြာ ဆွေးနွေးပြီးမှ အပစ်ရပ်စဲကြောင်း လက်မှတ်ရေးထိုးပြီးနောက် ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတို့ ပစ်ခတ်သံတွေ မရှိတော့ဘူးဟု ဆိုပါတယ်။

သတင်း- ခူမီး

နောက်ဆုံးရသတင်းများ

မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့က မြန်မာစစ်ဘေးရှောင်များရဲ့ မှတ်ပုံတင်ကို ယာယီသိမ်းမယ်လို့ဆို

၂၁ ၊ မေလ၊ ၂၀၂၅ Zalen မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့၊ လျှပ်စစ်ရပ်ကွက်ဆိုင်ရာကောင်စီ ( Electric Veng Local Council ) က ၎င်းတို့ ရပ်ကွက်အတွင်းခိုလှုံနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားကို မနေ့ ...

ဆက်ဖတ်ရန်