ပလက်ဝမြို့နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA)တို့ သုံးနေရာထက်မနည်း တိုက်ပွဲဖြစ်ပွား

၂၊ ဇန်နဝါရီ၊ ၂၀၂၃
Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA)တို့ သုံးနေရာထက်မနည်း တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပလက်ဝ-ကျောက်တော် နယ်စပ်က မီးဝဗျူဟာကုန်း၊ မြန်မာ-အိန္ဒိယ နယ်စပ်က ရှင်းလက်ဝ တပ်စခန်း၊ ပွိုင့် ၃၁၃ စခန်းကုန်းနဲ့ မြို့အနီး စခန်းတွေမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက Zalenကို ပြောပါတယ်။

“မီးဝ ဗျူဟာကုန်းကို တိုက်တာ တစ်ပတ်ကျော်ပြီ။ တိုက်တာက နေ့ည မပြတ် တိုက်တာပါ။ စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ပစ်ကူပေးနေတယ်။ လက်နက်ကြီးတွေရော ထုနေတယ်။ ရွာသားတွေက နေ့၊ ည အိပ်မရဘူး။”လို့ မီးဝကျေးရွာသား တစ်ဦးက ဆိုပါတယ်။

ရက္ခိုင့်တပ်တော်(AA) ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတဲ့ အဆိုပါ ဗျူဟာကုန်းအား စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ်တွေဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးတွေနဲ့ နေ့၊ ညအချိန်မရွေး ပစ်ကူပေးနတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ-အိန္ဒိယနယ်စပ် ပလက်ဝမြို့နယ်ထဲက စစ်ကောင်စီ ရှင်းလက်ဝ တပ်စခန်းမှာလည်း ရက္ခိုင့်တပ်တော်(AA)က အင်အားအလုံးရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

“ရှင်းလက်ဝမှာ တိုက်ပွဲဖြစ်နေတယ်။ ရွာသားတွေ ရှောင်ခွင့် မပေးဘူး။ ရွာထဲမှာဘဲ နေရတယ်။ လက်နက်ကြီးတွေ ဆက်တိုက် ကြားနေရတယ်။ အေအေတွေကလည်း အင်အားအများကြီးနဲ့ တိုက်ခိုက်နေပါတယ်။”လို့ ရှင်းလက်ဝရွာသား တစ်ဦးက ဆိုပါတယ်။

လက်ရှိ ပလက်ဝမြို့နယ်က စစ်ကောင်စီ ဗျူဟာကုန်း၊ စခန်းကြီး၊ စခန်းငယ် စုစုပေါင်း ၂၀ နီးပါးကို ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်တိုက်ခိုက် သိမ်းပိုက်ရရှိထားပါတယ်။

သတင်း- ခူမီး

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်