ပုန်းခိုကျင်းအမြန်ဆုံးတူးရန်၊ ပုန်းခိုကျင်းမတူပါက အရေးယူမယ်လို့ CDF-Mindat ထုတ်ပြန်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ မိဘပြည်သူများဘေးကင်းစေရန်အလို့ငှာ သတ်မှတ်စံချိန်အတိုင်း ပုန်းခိုကျင်းအမြန်ဆုံးတူးရန်နဲ့ ယင်းထုတ်ပြန်ချက်မလိုက်နာပါက အရေးယူမယ်လို့ CDF-Mindat က ဧပြီ ၁၄ ရက်တွင်ထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းကနေ မကြာခဏ ကျေးရွာများပေါ်သို့ လက်နက်ကြီး (ဟောင်ဝစ်ဇာ)တွေပစ်ခတ်တဲ့အပြင် လေကြောင်းကနေ မကြာခဏဗုံးကြဲတာကြောင့် အခုလိုထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။

ယခင်လတွေမှာလည်း ပုန်းခိုကျင်းတူးဖို့သတိပေးစာထုတ်ပြန်ထားပေမယ့် လိုက်နာသူနည်းပါးတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မတ်လအတွင်း မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) တပ်ရင်းကနေ ကျေးရွာများပေါ်သို့ လက်နက်ကြီးပစ်ခတ်မှု (၂၆)ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု (၈)ကြိမ်၊ လေကြောင်းပျံသန်းမှု (၁၇)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလအတွင်း မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) တပ်ရင်းကနေ ကျေးရွာများပေါ်သို့ လက်နက်ကြီးပစ်ခတ်မှု (၂၃)ကြိမ်၊ လေကြောင်းပျံသန်းမှု (၄)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်