ပျဉ်းခုံကြီးရွာကို စစ်ကောင်စီတပ်က ယနေ့ထပ်မံမီးရှို့

၁၃၊ဧပြီ၊၂၀၂၄

Zalen

ကလေးမြောက်ပိုင်း ပျဉ်းခုံကြီးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က ယနေ့မနက်မှာဒုတိယအကြိမ် ထပ်မံမီးရှို့တယ်လို့သိရပါတယ်။

ယမန်နေ့ ဧပြီလ ၁၂ရက်နေ့ ညနေပိုင်းကစပြီးစစ်ကောင်စီတပ်က ပျဉ်းခုံကြီးရွာရှိ နေအိမ်များကိုမီးရှို့ခဲ့ပြီး ယနေ့မနက်ပိုင်းထိ ဆက်လိုက်မီးရှို့နေတာဖြစ်ပါတယ်။

Zalen ad

“အိမ်ခြေဘယ်လောက်လောင်ပြီလဲဆိုတာတော့မသိရသေးဘူး။မနေ့ညကတည်းက ဆက်တိုက်ရှို့တာ အခုထိမရပ်သေးဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပျဉ်းခုံကြီးရွာထဲရှိ နေအိမ်များအတွင်းမှ ရိက္ခာများနဲ့ အဖိုးတန်ပစ္စည်းများကိုလည်း ခိုးယူကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

သတင်း- Win Bo

နောက်ဆုံးရသတင်းများ

လေးလအတွင်း တိုက်ပွဲတွေမှာ CDF KKG တပ်စုမှူးအပါအဝင် ၁၂ ဦး ကျဆုံး

ဇန်နဝါရီ ၁၆၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ချင်းကာကွယ်ရေးတပ် ကလေး- ကဘော်- ဂန့်ဂေါ (CDF KKG ) အဖွဲ့ရဲ့ တပ်စုမှူး အပါအ၀င် ရဲဘော် ၁၁ ...

ဆက်ဖတ်ရန်