ဖလမ်းလေယာဉ်ကွင်းအတွက် ကျပ်(၅)ဘီလျံကျော်ထပ်မံချပေး

ဆုရ်ဘုန်တောင်ပေါ်မှာတည်ဆောက်ထားတဲ့ ဖလမ်းလေယာဉ်ကွင်းတည်ဆောက်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနက ကျပ်သိန်းပေါင်း (၅၅,၂၅၀)ထပ်မံချထားကြောင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ရန်ပုံစာရင်းအရသိရတယ်။

အဆိုပါ လေယာဉ်ကွင်း တည်ဆောက်ရန် ငွေကျပ် ၂၅ ဘီလီယံ အသုံးပြုရန် လျာထားပြီး လက်ရှိတွင် ငွေကျပ် သန်းပေါင်း ၂၉ဝဝ အထိ အသုံးပြုထားပြီးပါပြီ။

ယင်းလေယာဉ်ကွင်း တည်ဆောက်မှုတွင် လေကြောင်းပြေးလမ်း အရှည်ပေ ၆ဝဝဝ၊ အကျယ်အားဖြင့် ပေ ၁ဝဝ ကျယ်ဝန်းကြောင်း၊ လေယာဉ်ပြေးလမ်း တစ်ဖက် တစ်ချက်စီသည် ပေ ၅ဝဝ ကျယ်ဝန်းပြီး တည်ဆောက်မှု ပြီးစီးပါက ခံနိုင်ရည်စွမ်းအား ပေါင် ၅ဝဝဝဝ ရှိသည့် ATR-72 လေယာဉ်များ ဆင်းသက်နိုင်မယ်လို့သိရပါတယ်။

Zalen ad

ဖလမ်းလေယာဉ်ကွင်းဟာ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် ပြီးစီးမှာဖြစ်ပြီး အခုချိန်မှာ ရာခိုင်နှုန်း (၄၀)ခန့်ပြီးစီးနေပြီလို့သိရပါတယ်။

 

နောက်ဆုံးရသတင်းများ

ကလေး-တမူးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်သွား

ဇွန် ၂၅၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ အန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလမ်း ကလေး-တမူးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်စည် စီးဆင်းမှု ရပ်ဆိုင်းသွားတယ်လို့ ဒေသခံများထံမှသိရပါတယ်။ ဇွန်လ ၇ရက်နေ့ကစပြီး ကလေး-တမူးလမ်းပိုင်းကို စစ်ကောင်စီတပ်များက အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် အဲဒီလမ်းပိုင်းမှာ ...

ဆက်ဖတ်ရန်