Authentic ကုမ္မဏီက ပေးအပ်တဲ့ငွေ(၅)သိန်းကို ဖလမ်းစောင့်ကြည့်ရေးအဖွဲ့ပြန်လည်ပေးအပ်

 

 

 

ဖလမ်းမြို့ရေပေးဝေရေးလုပ်ငန်းကုမ္မဏီက ပေးထားတဲ့ငွေ(၅)သိန်းကို ဖလမ်းစောင့်ကြည့်ရေးအဖွဲ့ပြန်အပ်
လိုင်ဗားဆည်ကနေ ဖလမ်းမြို့ရေပေးဝေရေးအတွက်လုပ်ကိုင်နေတဲ့ Authentic ကုမ္မဏီက ရံပုံငွေအတွက်ဆိုကာ ဖလမ်းစောင့်ကြည့်ရေးအဖွဲ့ထံပေးခဲ့တဲ့ ငွေ(၅)သိန်းကို ယင်းအဖွဲ့က ပြန်လည်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။
Authentic ကုမ္မဏီရဲ့ ဆိုက်အင်ဂျင်နီယာနှစ်ဦးက ဖလမ်းစောင့်ကြည့်ရေးအဖွဲ့ ဥက္ကဌ ဦးထန်ကီးယိုအိမ်မှာ မတ်လ(၂)ရက် ည(၈)နာရီတွင် ၎င်းနေအိမ်၌လာရောက်ပေးအပ်ခဲ့တယ်လို့ ဦးထန်ကီးယိုကဆိုပါတယ်။
ဦးထန်ကီးယိုက “ကျနော်အိမ်ထိလာပြီး ပိုက်ဆံလာပေးတာ။ သူတို့ကတော့ အဖွဲ့အစည်းလှုပ်ရှားမှုအတွက် ရံပုံငွေတွက်ပေးတာပါတဲ့။ ဒါပေမယ့် ကျနော့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြန်တိုင်ပင်တော့ မတ်(၄)ရက်မှာ သူတို့လက်ထဲကို ငွေပြန်အပ်လိုက်တယ်။ ရံပုံငွေထည့်ချင်ရင် လုပ်ငန်းပြီးတဲ့ချိန်မှပဲထည့်ချင်ထည့်ကြပါလို့ပြောလိုက်တယ်။ မဟုတ်ရင် လူထုကကျနော်တို့အဖွဲ့ကို အမြင်စောင်းသွားနိုင်တယ်လေ”လို့ပြောပါတယ်။
Authentic ကုမ္မဏီဟာ ဖလမ်းမြို့သောက်သုံးရေအတွက် ပြည်ထောင်စုဘတ်ဂျက် သိန်း (၅၀,၀၀၀)နဲ့ ၂၀၁၇ ခုနှစ်က စပြီး ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းတွေလုပ်ကိုင်နေပါတယ်။ ဒါပေမယ့် ပိုက်အကျယ်(၈)လက်မ အသုံးပြုရမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကုမ္မဏီက ပိုက်အပြင်ဘက်ကိုတိုင်းပြီးသတ်မှတ်တာကြောင့် ဒေသခံ ဖလမ်းစောင့်ကြည့်ရေးအဖွဲ့နဲ့ သဘောထားမတိုက်ဆိုင်သဖြင့် နေပြည်တော်ထိစာရေးသားတိုင်ကြားလို့ တစ်နှစ်တိတိလုပ်ငန်းရပ်ဆိုင်းထားပါတယ်။
ဒါပေမယ့် ကုမ္မဏီက အစိုးရနဲ့ ပြည်သူတွေကိုပြန်လည်ညိုနှိုင်းကာ နောက်ထပ် လေးပေပိုက်တစ်လုံးပေါင်းပေးတာကြောင့် ဒီနှစ် ဖေဖော်ဝါရီလမှာ လုပ်ငန်းပြန်လည်စတင်နိုင်ပါတယ်။
ဆက်လက်၍ ဦးထန်ကီးယိုက “ဖလမ်းစောင့်ကြည့်ရေးအဖွဲ့က တစ်ပတ်တစ်ကြိမ် လူ(၂)ယောက်ကိုလွတ်ပြီး စနေနေ့တိုင် လုပ်ငန်းသွားကြည့်တယ်။ ကျနော်တို့သဘောတူမှ သူတို့ပိုက်ကိုမြေပြဖြို့တယ်။ အရင်တုန်းက ရေပိုက်မြှုပ်ဖို့ မြေတူးတာအရမ်းတိမ်းတယ်။ အရည်သွေးအကောင်းဆုံးပိုက်သုံးရမယ်ဆိုတဲ့နေရာမှာ အရည်အသွေးညံ့တဲ့ပိုက်သုံးလို့ အထက်ကိုစာတင်တာ”လို့ပြောပါတယ်။
ဖလမ်းမြို့ သောက်သုံးရေဟာ ဒီနှစ် မေလကုန်မှာ ပြီးဆုံးမှာဖြစ်ပြီးဇွန်လမှာ ဖွင့်ပွဲလုပ်ဖို့ရည်မှန်းထားပါတယ်။ ဖလမ်းမြို့ဟာ နှစ်စဉ်နွေရာသီရောက်တိုင်း သောက်သုံးရေမလုံလောက်တဲ့ပြဿနာကိုကြုံ့တွေ့နေပါတယ်။ အခုရေသွယ်တန်းတဲ့ လိုင်ဗားဆည်ကနေ ဖလမ်းမြို့ဟာ (၁၀)မိုင်ကွာဝေးပါတယ်။

နောက်ဆုံးရသတင်းများ

တမူးကနေသွားတဲ့ လူနာတင်ကားများကို ကလေးမြို့အဝင် စစ်ကောင်စီဂိတ်ကနေ ဖြတ်သန်းခွင့်ပိတ်

၁၉ အောက်တိုဘာ၊ ၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ ကလေးမြို့ကို ဆေးဝါးကုသဖို့ သွားတဲ့ အရေးပေါ်လူနာများကို စက်တင်ဘာလကစပြီး ခုချိန်ထိအဝင်မခံလို့ ပြန်လှည့်ခဲ့ရတယ်လို့ လူနာရှင်များက ပြောပါတယ်။ “ကျွန်တော်တို့က ကားနဲ့ကောဆိုင်ကယ်နဲ့လည်း သွားကြတာ။ ကလေးအဝင် ဆည်ကြီးရွာ ...

ဆက်ဖတ်ရန်