ဖလမ်းစစ်မျက်နှာမှာ ၅ လကြာ စစ်ကူတိုက်ပွဲဝင်ခဲ့တဲ့ CDF-Paletwa ရဲဘော်တွေကို ဂုဏ်ပြုကြိုဆို

မတ်၊ ၂၄၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီကို ခုခံတိုက်ခိုက်ရန်အတွက် သွားရောက်စစ်ကူပေးခဲ့တဲ့ CDF-Paletwa မှ ရဲဘော်တွေဟာ ၎င်းတို့ရဲ့ တာဝန်တွေကို အောင်မြင်စွာ ထမ်းဆောင်ပြီးနောက် မိခင်ဗဟိုဌာနချုပ်သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။

အဆိုပါ ရဲဘော်များသည် ဖလမ်းစစ်မျက်နှာမှာ ၅ လနီးပါးကြာအောင် ခက်ခဲကြမ်းတမ်းသော တိုက်ပွဲဝင်မှုတွေ၊ နယ်မြေစိုးမိုးရေး လုပ်ငန်းတွေကို အခြားသော မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ လက်တွဲဆောင်ရွက်ခဲ့ကြသူများ ဖြစ်ပါတယ်။

Zalen ad

၎င်းတို့ ပြန်လည်ရောက်ရှိလာမှုကို CDF-Paletwa ဗဟိုဌာနချုပ် တာဝန်ရှိသူတွေနဲ့ ရဲဘော်တွေက သောင်းသောင်းဖျဖျ ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။

အခမ်းအနားမှာ ရှေ့တန်းပြန်ရဲဘော်တွေရဲ့ ဇွဲလုံ့လနဲံ စွန့်လွှတ်စွန့်စားမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဂုဏ်ပြုစကားတွေ ပြောကြားခဲ့ကြပြီး ရဲဘော်တွေရဲ့ နားနေရေးနဲ့ ကျန်းမာရေးကိစ္စရပ်များကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

မဲဆောက်နယ်စပ်မှာ မြန်မာဘက်သို့ ပို့မည့် ဒီဇယ်ဆီ လီတာ ၂ သောင်းကျော် ဖမ်းဆီးခံရ

မတ် ၂၄၊ ၂၀၂၆။ Zalen ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ နယ်စပ်ဖြတ်ကျော်ဂိတ်တခုမှတဆင့် မြန်မာနိုင်ငံဘက်သို့ ဒီဇယ်ဆီ လီတာပေါင်း ၂ သောင်းကျော်ကို တရားမဝင် မှောင်ခိုတင်သွင်းရန် ကြိုးပမ်းခဲ့တဲ့ ၁၀ ဘီးကုန်တင်ယာဉ်တစီးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ...

ဆက်ဖတ်ရန်