ဖလမ်းနဲ့ မတူပီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီ ၉ ဦးသေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် နဲ့ မတူပီမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးတယ်လို့ သတင်းရရှိပါတယ်။

ဒီမနက် ဖလမ်းမြို့ကနေ စစ်ကား ၂၂ စီးဟာ ကလေးမြို့ဘက်သို့ဆင်းရာ ပါရ်သဲကျေးရွာအနီးတွင် CNDF က လက်ဦးမှုယူပြီးတိုက်ခိုက်ရာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၅ ဦးသေဆုံးသွားတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်၊ သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ကသတင်းထုတ်ပြန်ထားပါတယ်။

ဆက်လက်ပြီး မတူပီမြို့နယ် မတူပီ-ပလက်ဝကားလမ်းပေါ်ရှိ ထယ်ဘေးကျေးရွာ အခြေစိုက် စစ်ကောင်စီတပ် စခန်းကို ဒီနေ့မနက် ၁၁ နာရီကျော်တွင် CDF Matupi က ထိုးစစ်ဆင်ပစ်ခတ်ရာ စစ်ကောင်စီ ၄ ဦးသေဆုံးသွားပါတယ်။

ဒါ့ပြင် မတူပီ-မင်းတပ်လမ်းမပေါ်ရှိ မတူပီမြို့နယ် ခြန်းပြန်း(ခ)ရွာတွင်နေထိုင်တဲ့ ဦးလောင်နိုးဟာ နွားနောက်ရှာရင်း စစ်ကောင်စီတပ်တွေထောင်ထားတဲ့ မိုင်းနင်မိလို့ ယနေ့ နေ့လည် ၁ နာရီခွဲလောက်ကသေဆုံးသွားတယ်လို့ CDF Matupi ကထုတ်ပြန်ထားပါတယ်။

Zalen ad

Zawgyi

ဖလမ္းနဲ႔ မတူပီၿမိဳ႕နယ္တြင္ တိုက္ပြဲျဖစ္ပြားရာ စစ္ေကာင္စီ ၉ ဦးေသဆံုး

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္ နဲ႔ မတူပီၿမိဳ႕နယ္တြင္ ယေန႔ ေဖေဖာ္ဝါရီလ ၁၁ ရက္တြင္ အာဏာသိမ္းစစ္ေကာင္စီတပ္နဲ႔ ေဒသကာကြယ္ေရးတပ္ေတြတုိက္ပြဲျဖစ္ပြားရာ စစ္ေကာင္စီတပ္သား ၉ ဦးေသဆံုးတယ္လုိ႔ သတင္းရရွိပါတယ္။

ဒီမနက္ ဖလမ္းၿမိဳ႕ကေန စစ္ကား ၂၂ စီးဟာ ကေလးၿမိဳ႕ဘက္သို႔ဆင္းရာ ပါရ္သဲေက်းရြာအနီးတြင္ CNDF က လက္ဦးမႈယူၿပီးတိုက္ခိုက္ရာ အာဏာသိမ္းစစ္ေကာင္စီတပ္သား ၅ ဦးေသဆံုးသြားတယ္လို႔ ခ်င္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္၊ သတင္းျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဌာန ကသတင္းထုတ္ျပန္ထားပါတယ္။

ဆက္လက္ၿပီး မတူပီၿမိဳ႕နယ္ မတူပီ-ပလက္ဝကားလမ္းေပၚရွိ ထယ္ေဘးေက်းရြာ အေျခစိုက္ စစ္ေကာင္စီတပ္ စခန္းကို ဒီေန႔မနက္ ၁၁ နာရီေက်ာ္တြင္ CDF Matupi က ထိုးစစ္ဆင္ပစ္ခတ္ရာ စစ္ေကာင္စီ ၄ ဦးေသဆံုးသြားပါတယ္။

ဒါ့ျပင္ မတူပီ-မင္းတပ္လမ္းမေပၚရွိ မတူပီၿမိဳ႕နယ္ ျခန္းျပန္း(ခ)ရြာတြင္ေနထိုင္တဲ့ ဦးေလာင္ႏိုးဟာ ႏြားေနာက္ရွာရင္း စစ္ေကာင္စီတပ္ေတြေထာင္ထားတဲ့ မိုင္းနင္မိလို႔ ယေန႔ ေန႔လည္ ၁ နာရီခြဲေလာက္ကေသဆံုးသြားတယ္လုိ႔ CDF Matupi ကထုတ္ျပန္ထားပါတယ္။

 

နောက်ဆုံးရသတင်းများ

ကမ္ဘာ့မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးနိုင်ငံအဖြစ် မြန်မာက ထိပ်ဆုံးရောက်ရှိ

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံဟာ ကမ္ဘာတဝန်းမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် စံချိန်တင် ရောက်ရှိသွားတယ်လို့ Landmine and Cluster Munition Monitor ရဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာသစ်က ...

ဆက်ဖတ်ရန်