ဖလမ်းမြို့တွင် CDM ဝင်တဲ့ကျောင်းအုပ်များသင်တန်းဆက်တက်သဖြင့် သင်တန်းသွားရာလမ်းတွင် လူမဲ့သပိတ်ပြုလုပ်

ဖလမ်းမြို့နယ်က ကျောင်းအုပ် ပညာရေးစွမ်းဆောင်ရည်မြင့်မားမှုသင်တန်းတွင် CDM မှာပါဝင်ပြီးသား ကျောင်းအုပ်တွေလည်းသင်တန်းတက်ကြတာကြောင့် သင်တန်းသွားရာလမ်း အ.ထ.က (၂)ကျောင်းရှေ့တွင် လူငယ်တွေက လူမဲ့သပိတ်ပြုလုပ်ထားတယ်လို့သတင်းရရှိပါတယ်။

ကျောင်းအုပ် ပညာရေးစွမ်းဆောင်ရည်မြင့်မားမှုသင်တန်းကို မတ်လ (၁၇)ရက်နေ့ကစတင်ပြီး အထက်တန်း နဲ့ အလယ်တန်းကျောင်းအုပ်တွေကို ဖလမ်းမြို့ အ.ထ.က (၂)ကျောင်းတွင် သင်တန်းပေးခဲ့ကြပါတယ်။

ဒီမနက်မှာတော့ မူလတန်းကျောင်းအုပ်တွေ သင်တန်းဆက်တက်နေကြပါတယ်။ သင်တန်းတက်ရောက်သူဟာ လူအယောက် ၃၀ မှ ၅၀ ကြားရှိမယ်လို့ ကျောင်းပတ်ဝန်းကျင်လူတွေက ခန့်မှန်းကြပါတယ်။

ဖလမ်းမြို့နယ် ပညာရေးဝန်ထမ်းမှ CDM တွင်ပါဝင်တဲ့သူတစ်ဦးက “မတ်လ (၁၇)ရက်ကနေ အထက်တန်းနဲ့ အလယ်တန်းကျောင်းအုပ်တွေ သင်တန်းတက်ကြတယ်။ ဒီပတ်ကစပြီး မူလတန်းကျောင်းအုပ်တွေတက်လာတယ်။ ဒီသင်တန်းမှာ CDM မှာ နာမည်စာရင်းပေးတဲ့သူအချို့လည်း တက်လာတာတွေ့ရတယ်။ အခုက ကျောင်းအုပ်ကြီးတွေ စွမ်းရည်မွမ်းမံသင်တန်းဆိုပေမယ့် ကျောင်းအုပ်မရှိတဲ့ ရွာတွေဆို တာဝန်ခံ ဆရာ၊မတွေတက်ခိုင်းတယ်။ အင်တာနက်လည်းမရတော့ သူတို့ကို ဖုန်းနဲ့ အများစုကသင်တန်းတက်တယ်၊ မလာ ရင်တစ်ယောက်ထဲကျန်ခဲ့မယ်ဆိုပြီးပြောတာတွေရှိတယ်။ အရင်နှစ်ကလည်း ဒီသင်တန်းပါပဲဆိုပြီးတက်တဲ့သူလည်းရှိတယ်။ ဒါပေမယ့် နောက်နေ့ ထပ်မတက်တော့တာလည်းရှိတယ်။ CDM သမားထဲက ဘယ်နယောက် သင်တန်းတက်လဲဆိုတာ အတိကျမသိရဘူး။ တီးတိန်မြို့နယ်မှာလည်း သင်တန်းတက်တဲ့သူတော်တော်များတယ်လို့သတင်းရတယ်။ သူတို့ကို CRPH က ဒီလကုန်ထိပဲ CDM လက်ခံမယ်လို့ကြေညာထားတာကို ထပ်ပြီးအသိပေးမယ်။ အများစုက အင်တာနက်ဖြတ်ထားတာကြောင့် သတင်းမသိကြဘူး” လို့ပြောပါတယ်။

ယင်းလူမဲ့ သပိတ်ကို မနေ့ညက အ.ထ.က (၂)ကျောင်းသွားတဲ့လမ်းပေါ်တွင် ကျောင်းဝတ်စုံတွေ၊ စတေကာတွေထောင်ပြီး ပိတ်ထားပေမယ့် ဒီမနက်တွင် ကျန်းမာရေးတံဆိပ်ကပ်ထားတဲ့ ဆိုင်ကယ်စီးအမျိုးသား ရဲဘောင်းဘီဝတ်ထားတဲ့လူတစ်ဦးက လာရောက်ရှင်းလင်းတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက လမ်းတွေပိတ်ထားလို့ ကလေးမြို့နယ်က စစ်ရှောင်တွေ အခက်အခဲဖြစ်နေ

နိုဝင်ဘာ ၂၂၊ ၂၀၂၅Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က ကလေးမြို့ပေါ်နဲ့ ကျေးရွာတွေကို ဆက်သွယ်ထားတဲ့လမ်းမကြီးတွေကို ပိတ်ဆို့မှုတွေကြောင့် စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလကတည်းက အင်အားသုံးပြီး ကလေးတောင်ပိုင်းနဲ့ မြောက်ပိုင်းက ...

ဆက်ဖတ်ရန်