ဖလမ်းမြို့နယ်အတွင်းရန်သူ့စစ်ကြောင်းထံမှ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိ

ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ် စစ်ကြောင်းများထံကနေ ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက မနေ့ ဖေဖော်ဝါရီလ ၁၃ ရက်မှာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့တယ် လို့သိရပါတယ်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်မှာ ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့များက မဏိပူရ်မြစ်အနီးအနားမှာ နယ်မြေရှင်းလင်းရေးများပြုလုပ်ခဲ့ရာ ရန်သူဝှက်ထားတဲ့ လက်နက်ကြီးကျည်ဆံများ၊ ဒရုန်းဗုံးသီးအများအ ပြားကိုသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

“မနေ့ကတော့ မဏိပူရ်မြစ်ဘက်ခြမ်းမှာတော့ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပါဘူး။ ပူးပေါင်းတပ်ဘက်က နယ်မြေ ရှင်းလင်းရင်းနဲ့ စကစ ဝှက်ထားတဲ့ လက်နက်ခဲယမ်းတွေကိုသိမ်းဆည်းခဲ့တာပါ” လို့ CNA နဲ့ နီးစပ်တဲ့ စစ်ရေး သတင်းအရင်းအမြစ်ကဆိုပါတယ်။

Zalen ad

ဒါ့အပြင် ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဖလမ်းမြို့ကိုတက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တို့ကြား သိုင်းငင်း နဲ့ ဖလမ်းကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေ ဆုံးမှုများလည်းရှိသလို သေနတ် ၁၀ လက်ကျော်ကိုလည်း ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ တယ်လို့ သိရပါတယ်။

ဒီကိစ္စများနဲ့ပတ်သက်လို့ CNO/CNDF တာဝန်ရှိသူနဲ့ ချင်းပြည်ကောင်စီ ကာကွယ်ရေးဌာန တာဝန်ရှိသူများကို ဆက်သွယ်ရန်ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရရှိသေးပါ။

သတင်း – Mickey

ဓာတ်ပုံ-လူမှုကွန်ယက်

#ဖလမ်းမြို့#လက်နက်#သိမ်းဆည်း#Zalen

နောက်ဆုံးရသတင်းများ

မတူပီမှာ ကျောင်းသားတွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးတဲ့ CDF-Daai ကို ဒေသခံတွေ ဆန့်ကျင်ဆန္ဒပြ

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မာဒူရွာမှာ ကျောင်းသားတွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးတဲ့ ချင်းကာကွယ်ရေးတပ် (ဒိုင်ရ်) ကို ဒေသခံ ပြည်သူတွေက ရွာလုံးကျွတ် ဆန့်ကျင်ဆန္ဒဖော်ထုတ်နေကြတယ်လို့ ဒေသခံတွေက Zalen ကို ...

ဆက်ဖတ်ရန်