ဖလမ်းမြို့ပေါ်မှာ CNDF ကပစ်ခတ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရ

၂၄၊မေလ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲဲ့ CNDF က ပစ်ခတ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မနေ့ မေလ ၂၃ ရက် ညနေ ၃နာရီဝန်းကျင်မှာ ဖလမ်းမြို့ပေါ် ဆောက်လုပ်ရေးရုံး နားမှာရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ပခုံးမှာ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“မနေ့ညနေ ၃ နာရီဝန်းကျင်မှာ ဆောက်လုပ်ရေးရုံး နားမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက် ပစ်ခတ်တာပါ။ စကစ တစ်ယောက် ပခုံး ထိပြီးတော့ဒဏ်ရာရသွားတယ်။ ကျွန်တော်တို့ဘက် အထိအခိုက်မရှိ ပြန်ဆုတ်နိုင်တယ်။ CNDF ဘက်က သွားရောက် ချောင်းမြောင်းပစ်ခတ်တာဖြစ်ပြီး တော့ ပစ်ခတ်ချိန်လည်း သိပ်မကြာဘူး”လို့ CNO/CNDF ပြန်ကြားရေး တာဝန်ခံက Zalen ကိုပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၃ ရက်တုန်းကလည်း မြို့စစ်ဆင်ရေး အတွက်မိုင်းထောင်ဖို့ သွားတဲ့ CNDF ရဲဘော်များနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

သတင်း- Mickey

နောက်ဆုံးရသတင်းများ

ဝင်ငွေထွက်ငွေမမျှလို့ ညည်းတွားနေရတဲ့ အိမ်ရှင်မတွေ

စာရေးသူ-ဇို စျေးကြီးတစ်ခုရဲ့ ကုန်စိမ်းတန်းဘက်ရောက်လာတော့ စျေးသည်အမျိုးသမီးတစ်ဦး မျက်နှာမ သာမယာနဲ့ ထိုင်နေတာကို သတိထားမိတယ်။ သူ့အနားရောက်တော့ ဘာကြောင့်မျက်နှာမကောင်းဖြစ်နေတယ်ဆိုတဲ့အဖြေကို သိလိုက်ရတယ်။ အဲဒီစျေးသည်အမျိုးသမီးက အသီးအနှံတွေ ရောင်းတာပါ။ အထူးသဖြင့် ရာသီပေါ်တွေဖြစ်တဲ့ သြဇာသီး၊ ကြက်မောက်သီး၊ မာလကာသီး စတဲ့အသီးအနှံတွေပဲ ...

ဆက်ဖတ်ရန်