ဖလမ်းမြို့ စစ်ကောင်စီစခန်းကို CNA ကဝင်ရောက်တိုက်ခိုက်၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ၊ ရွာသား ၃ ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ခလရ(၂၆၈) တပ်ရင်းကို CNA က ယနေ့ဩဂုတ် ၁၂ ရက်မနက် ၁ နာရီတွင် နှစ်နာရီကြာဝင်ရောက်တိုက်ခိုက်ရာ လက်နက်ခဲယမ်းများသိမ်းဆည်းရမိတယ်လို့ သတင်းရရှိပါတယ်။

စစ်ကောင်စီရဲ့ ဗဟိုကင်းနဲ့ လက်နက်ရုံကိုဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီး တပ်ရင်းမှူးလည်း ဒဏ်ရာရရှိကြောင်း သိရတယ်။ CNA နဲ့အတူပါလာတဲ့ CDF KKG ကတစ်ဦးလည်းကျဆုံးသွားပါတယ်။

CNDF ကာကွယ်ရေးအတွင်းရေးမှူး ကိုပါဗျက်က “စစ်ကောင်စီစခန်းသွားတက်တာ ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဆီမှာ တိုင်ပင်တာ၊ အကြောင်းကြားခြင်း မရှိတာတော့ စိတ်မကောင်းဘူး”လို့ပြောပါတယ်။

ဒီမနက် မိုးလင်းတဲ့ချိန်မှာ ခလရ (၂၆၈) တပ်ရင်းကနေ ဖလမ်းမြို့နားက ကျေးရွာများပေါ် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လို့ Sunthla ကျေးရွာက မိသားစုဝင် သုံးဦး အသက် (၄၀)အရွယ်မိခင်၊ အသက် (၁၈)နှစ်အရွယ်သား၊ အသက် ၁၀နှစ်အရွယ် သမီးတို့ထိခိုက်ဒဏ်ရာရရှိပါတယ်။

Zalen ad

ဒီမနက် ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီက ဂျက်လေယာဉ်တစ်စင်းဖြင့် ဖလမ်းမြို့နယ် ဖလမ်း-ဟားခါး ကားလမ်းမပေါ်ရှိ ရမ်ထလိုကျေးရွာကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတယ်လို့သိရတယ်။

နောက်ဆုံးရသတင်းများ

ရန်ကုန်လေထု ညစ်ညမ်းမှု ကမ္ဘာ့အဆင့် ၄ ရောက်၊ AQI ၁၂၀ ထိ မြင့်တက်

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ Zalen ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ တိုင်းတာချက်များအရ ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုအခြေအနေဟာ ကမ္ဘာ့အဆင့် ၄ နေရာထိ ရောက်ရှိနေတယ်လို့ လေထုအရည်အသွေးကို တိုင်းတာဖော်ပြနေတဲ့ IQAir ဝက်ဘ်ဆိုက်က ...

ဆက်ဖတ်ရန်