ဖလမ်းမြို့ စာတန်းပါ ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်ကောင်စီထောက်ခံပွဲ မှတ်တမ်းများ ရှမ်းပြည်နယ်တွင် ရိုက်ကူးနေ

စစ်ကောင်စီတပ်မှ ကားအစီး၃ဝခန့်ဖြင့် လူများတင်ဆောင်လာပြီး ချင်းပြည်နယ်၊ ဖလမ်းဒေသဟု ရေးသားထားသည့် ဆိုင်းဘုတ်များဖြင့် စစ်ကောင်စီကိုထောက်ခံကြောင်း ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းများကို ရှမ်းပြည်နယ်၊ ရပ်စောက်မြို့တွင် ဒီဇင်ဘာလ ၁၄ရက်က လာရောက်ရိုက်ကူးသွားကြောင်း မဲခေါင်သတင်းတွင် ဖော်ပြထားပါသည်။

အဆိုပါအဖွဲ့များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဆင်သေရွာတွင် ဒီဇင်ဘာလ ၁၄ရက်က ဒေသခံရွာသူ၊ ရွာသားများကို ချင်းတိုင်းရင်းသားများအဖြစ် ပုံသွင်းဖော်ကာ ချင်းတိုင်းရင်းသားများနှင့် အကြမ်းဖက်စစ်တပ်တို့ ချစ်ကြည်ရေးရနေပြီဖြစ်ကြောင်း၊ ချစ်ချစ်ခင်ခင်ရှိနေကြောင်း၊ ချင်းတိုင်းရင်းသားများက အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံကြောင်းစသဖြင့် မှတ်တမ်းများကို ရိုက်ကူးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဆင်သေကတချို့နေရာတွေမှာ တောင်တက်တောင်ဆင်းကြီးနဲ့ ချင်းဖက်နဲ့ ပုံသွင်းလို့လွယ်တာပေါ့။ မနေ့က ကား၃ဝလောက် ရောက်လာပြီး ဆိုင်းပုဒ်အတုတွေပါ ပါလာတယ်။ ဆိုင်းပုဒ်ကိုတော့ ရွာသားတွေရှေ့မှာ မပြဘူး။ ရွာနားက တစ်နေရာမှာ သပ်သပ်ရိုက်တာ။ ပလောင်လူမျိုးတွေကို ချင်းလူမျိုးလုပ် ချစ်ကြည်ရေး ရသွားပါပြီဆိုပြီး ရိုက်တယ်။ ပစ္စည်းတွေလှူတယ်။ ဓာတ်ပုံတွေ ဗီဒီယိုတွေရိုက်သွားတယ်။ မကြာခင် မြန်မာ့အသံတို့၊ မြဝတီတို့မှာ ပြမယ်ထင်တယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနသို့ ပြောသည်။

အဆိုပါဆင်သေရွာသည် ပလောင်လူမျိုးအများစု နေထိုင်ကြပြီး တောင်ယာလုပ်ငန်းကိုသာ အဓိကထားလုပ်ကိုင်ကြသလို ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသည့် ကျေးရွာတစ်ရွာလည်း ဖြစ်သည်။

Zawgyi

ဖလမ္းၿမိဳ႕ စာတန္းပါ ဆိုင္းဘုတ္မ်ားကိုင္ေဆာင္ကာ စစ္ေကာင္စီေထာက္ခံပြဲ မွတ္တမ္းမ်ား ရွမ္းျပည္နယ္တြင္ ရိုက္ကူးေန

စစ္ေကာင္စီတပ္မွ ကားအစီး၃၀ခန႔္ျဖင့္ လူမ်ားတင္ေဆာင္လာၿပီး ခ်င္းျပည္နယ္၊ ဖလမ္းေဒသဟု ေရးသားထားသည့္ ဆိုင္းဘုတ္မ်ားျဖင့္ စစ္ေကာင္စီကိုေထာက္ခံေၾကာင္း ႐ုပ္သံႏွင့္ ဓာတ္ပုံမွတ္တမ္းမ်ားကို ရွမ္းျပည္နယ္၊ ရပ္ေစာက္ၿမိဳ႕တြင္ ဒီဇင္ဘာလ ၁၄ရက္က လာေရာက္ရိုက္ကူးသြားေၾကာင္း မဲေခါင္သတင္းတြင္ ေဖာ္ျပထားပါသည္။

အဆိုပါအဖြဲ႕မ်ားသည္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ရပ္ေစာက္ၿမိဳ႕နယ္၊ ဆင္ေသရြာတြင္ ဒီဇင္ဘာလ ၁၄ရက္က ေဒသခံရြာသူ၊ ရြာသားမ်ားကို ခ်င္းတိုင္းရင္းသားမ်ားအျဖစ္ ပုံသြင္းေဖာ္ကာ ခ်င္းတိုင္းရင္းသားမ်ားႏွင့္ အၾကမ္းဖက္စစ္တပ္တို႔ ခ်စ္ၾကည္ေရးရေနၿပီျဖစ္ေၾကာင္း၊ ခ်စ္ခ်စ္ခင္ခင္ရွိေနေၾကာင္း၊ ခ်င္းတိုင္းရင္းသားမ်ားက အၾကမ္းဖက္စစ္ေကာင္စီကို ေထာက္ခံေၾကာင္းစသျဖင့္ မွတ္တမ္းမ်ားကို ရိုက္ကူးသြားေၾကာင္း ေဒသခံတစ္ဦးက ေျပာသည္။

“ဆင္ေသကတခ်ိဳ႕ေနရာေတြမွာ ေတာင္တက္ေတာင္ဆင္းႀကီးနဲ႔ ခ်င္းဖက္နဲ႔ ပုံသြင္းလို႔လြယ္တာေပါ့။ မေန႔က ကား၃၀ေလာက္ ေရာက္လာၿပီး ဆိုင္းပုဒ္အတုေတြပါ ပါလာတယ္။ ဆိုင္းပုဒ္ကိုေတာ့ ရြာသားေတြေရွ႕မွာ မျပဘူး။ ရြာနားက တစ္ေနရာမွာ သပ္သပ္ရိုက္တာ။ ပေလာင္လူမ်ိဳးေတြကို ခ်င္းလူမ်ိဳးလုပ္ ခ်စ္ၾကည္ေရး ရသြားပါၿပီဆိုၿပီး ရိုက္တယ္။ ပစၥည္းေတြလႉတယ္။ ဓာတ္ပုံေတြ ဗီဒီယိုေတြရိုက္သြားတယ္။ မၾကာခင္ ျမန္မာ့အသံတို႔၊ ျမဝတီတို႔မွာ ျပမယ္ထင္တယ္”ဟု လုံျခဳံေရးအရ အမည္မေဖာ္လိုသည့္ ေဒသခံတစ္ဦးက မဲေခါင္သတင္းဌာနသို႔ ေျပာသည္။

အဆိုပါဆင္ေသရြာသည္ ပေလာင္လူမ်ိဳးအမ်ားစု ေနထိုင္ၾကၿပီး ေတာင္ယာလုပ္ငန္းကိုသာ အဓိကထားလုပ္ကိုင္ၾကသလို ဖြံ့ၿဖိဳးတိုးတက္မႈေနာက္က်သည့္ ေက်းရြာတစ္ရြာလည္း ျဖစ္သည္။

 

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်