ဧပြီ ၈၊ ၂၀၂၆
Zalen

ချင်းပြည်နယ် မြောက်ပိုင်းရှိ ဖလမ်းမြို့နယ်ရဲ့ အနောက်ဘက်ခြမ်းကို အာဏာသိမ်းစကစက ဒီနေ့ ဧပြီလ ၈ ရက်နေ့ နေ့လယ် ၁ နာရီခန့်အချိန်တွင် လေကြောင်းမှဂျက်ဖိုက်တာ ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်အချို့ ပျက်စီးသွားခဲ့ပြီး ယင်းတိုက်ခိုက်ခံရတဲ့နေရာက ပြည်သူနဲ့ အခြားသောထိခိုက်ပျက်စီးမှုများကိုတော့ လက်ရှိချိန်ထိမသိနိုင်သေးဘူးလို့ဆိုပါတယ်။
“ လေယာဉ် ၂ စီးပျံလာတာမြင်လိုက်တယ် ဗုံးပေါက်ကွဲသံကြားလိုက်တယ်။ ငါတို့မြို့ရဲ့ အနောက်ဘက်ခြမ်းလောက်ကို ကျသွားတယ် အဲ့ဘက်ကအသိတွေကိုမေးကြည့်တော့ သူတို့လည်း အသေးစိတ်မပြောနိုင်သေးဘူး အိမ်တွေပျက်စီးတာလောက်ပဲသိတယ် ကျန်တာမသိသေးဘူးလို့ ပြောကြတယ် ” လို့ ဖလမ်းမြို့အနီးမှ ဒေသခံတဦးကပြောပါတယ်။
ယင်းကိစ္စနဲ့ပတ်သက်ပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူများထံ Zalen မှ ဆက်သွယ်စုံစမ်းသော်လည်း ဆက်သွယ်မှု မရရှိသေးပါ။
လက်ရှိချိန်ထိ ဖလမ်းမြို့ကို နည်းမျိုးစုံဖြင့်ထိုးစစ်ဆင်ဖို့ကြိုးစားနေတဲ့စစ်ကောင်စီဟာ မြေပြင်က၎င်းတို့ရဲ့ စစ်သားတွေအထိနာနေတာကြောင့် လေကြောင်းမှနည်းမျိုးစုံ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တော်လှန်ရေးတပ်တွေ စိုးမိုးရာနယ်မြေတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတယ်လို့သိရပါတယ်။
မိုင်
ဓာတ်ပုံ-လူမှုကွန်ယက်
#ဖလမ်းမြို့ #falam #CNDF#ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့#Zalen



















