ဖိုင်ဇာကျေးရွာတွင် ကျောင်းသားတစ်ဝက်ဖျားနာ၍ပျက်ကွက်ပေမယ့် ကျောင်းဆက်ဖွင့်

ဖိုင်ဇာကျေးရွာတွင် ကျောင်းသားတစ်ဝက်ဖျားနာ၍ပျက်ကွက်ပေမယ့် ကျောင်းဆက်ဖွင့်

တီးတိန်မြို့နယ် ဖိုင်ဇာကျေးရွာတွင် ကျောင်းသား ၁၂၀ ရှိတဲ့အနက် ကျောင်းသား တစ်ရာဖျားနာလို့ပျက်ကွက်ပေမယ့် ကျောင်းဆက်ဖွင့်ထားတယ်လို့သတင်းရရှိပါတယ်။

ဖိုင်ဇာ အ.ထ.က (ခွဲ)ကျောင်းအုပ် ဆရာမကြီး ဒေါ်မန်းတူလ်ကျိန်က “ဒီနေ့ကျောင်းတက်ကြပါတယ်။ ကျောင်းသား ၁၂၀ ရှိတဲ့ထဲမှာ တစ်ရာလောက်ပျက်ကွက်တယ်။ ကျောင်းပျက်တဲ့သူများတော့ မလာတဲ့သူတွေစာမလိုက်နိုင်မှာစိုးလို့ စာများများမသင်ဘူး။ ရွာထဲမှာ တစ်အိမ်မှာ ၂ယောက်၊ ၃ ယောက်ဖျားတဲ့သူတွေရှိတယ်။ ဒီနေ့မြို့နယ်ကျန်းမာရေးဌာနကနေ ကျန်းမာရေးလုပ်သား သုံးယောက်လာပြီးတော့ သွေးစစ်ပြီးတော့ အဖျားတိုင်းတယ်။ ငှက်ဖျားနဲ့ ဆင်တုပ်ကွေးမတွေ့ဘူးလို့ပြောတယ်” လို့ပြောပါတယ်။

ဆက်လက်ပြီး တီးတိန်မြို့နယ် ကျန်းမာရေးမှူး-၁ ဦးဆွန်လိုထန်က “ရောဂါလက္ခာတွေကတော့ ချောင်းဆိုးတယ်၊ ကိုယ်ပူတယ်။ အပူချိန်က တစ်ရာဝန်းကျင်လောက်ရှိကြတယ်။ ဘာရောဂါလဲဆိုရင် ရာသီတုပ်ကွေးလို့ခေါ်တဲ့ ARI (Acute Respiratory Infection)လို့ခေါ်တဲ့ ရာသီတုပ်ကွေး ကြောင့်ဖြစ်တယ်။ အသက်အန္တရာယ်ထိတော့စိုးရိမ်စရာမရှိဘူး။ ပြင်းထန်းလူနာလည်းမရှိဘူး။ ရောဂါစဖြစ်တဲ့ စက်တင်ဘာ (၂)ရက်ကစပြီး တွီးထန်ရွာက ကျေးလက်ကျန်းမာရေးမှူးက ဦးဆောင်ပြီး ရွာထဲက သားဖွားဆရာမတစ်ယောက်နဲ့ ကြီးကြပ်-၁ တို့က ဆေးကုသပေးနေတယ်။ အရင်လတုန်းကလည်း ဒီရောဂါနဲ့ခပ်ဆင်ဆင် Valvum, Suangpi, Kamlai ရွာတွေမှာ ဖျားကြဖူးတယ်” လို့ပြောပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်