ဖုန်းထဲဒေါ်အောင်ဆန်းစုကြည်ပုံပါလို့ဆိုကာ ရဲတပ်ဖွဲ့ဝင်များက ချင်းလူငယ်အား ကိုယ်ထိလက်ရောက် ကျူးလွန်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့အဝင်အထွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ယနေ့ ဇွန်လ ၆ ရက်နေ့လည် ၂ နာရီဝန်းကျင်ခန့် ဆိုင်ကယ်စီးလာသည့် ချင်းငယ်တစ်ဦးအား အကြောင်းမဲ့ ဆဲဆိုရိုင်းပြပြီး ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်ဟု သိရသည်။

“မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှ ချင်းလူငယ်နှစ်ဦးသည် ဆိုင်ကယ်နှစ်စီးဖြင့် ပဒါန်းမှာရှိတဲ့ အသိတစ်ယောက်ဆီလာလည်တာ ဖြစ်တယ်။ တစ်ယောက်ကတော့ လာလည်နေကျဆိုတော့ မှတ်မိတယ်၊ ဂိတ်မှာ ရဲတွေ စစ်သား‌တွေက အလုပ်ရှုပ်နေတဲ့ချိန်ဖြစ်လို့ ဆိုင်ကယ်က မရပ်ဘဲ မောင်းလိုက်တာ ဖြစ်မယ်၊ အဲ့ဒါက ဆိုင်ကယ် မရပ်လိုဆိုပြီး၊ ဆဲဆိုပြီး၊ ရိုင်းစိုင်းစွာ ပြောတယ်၊ ချင်းလူငယ်နှစ်ဦးက အကြောင်းစုံရှင်းပြတာကို သူတို့ကို အာခံတယ်ဆိုပြီး ချင်းလူငယ်တစ်ဦးအား စစ်ကောင်စီတပ်ကြပ်ကြီးစာရင်းက ပါးတစ်ချက်ရိုက်တယ်”ဟု မျက်မြင်သက်သေ တစ်ဦးက ပြောပါသည်။

ထို့အပြင် ပြီးခဲ့တဲ့လတွင် ကံမြို့နယ် မင်းတုန်း – ကံမ ဂျို့ပင်ဂိတ်၌လည်း ဆိုင်ကယ်စီးလာသည့် ချင်းလူငယ်တစ်ဦးအားလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖုန်းစစ်ဆေးရာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်ပုံ တွေ့လို့ ဆဲဆိုကာ ထိုင်ထ လုပ်ခိုင်းပြီး ပြစ်ဒဏ်ပေးခံရသည်ဟု သိရှိရသည်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်