ဗါရ်စခန်းအနီး စစ်ကောင်စီထောင်ထားတဲ့ မြေမြုပ်မိုင်းနင်းမိလို့ ပြည်သူတစ်ဦး သေဆုံး

စက်တင်ဘာ၊၂၂ရက်၊ ၂၀၂၃

ချင်းပြည်နယ် ၊ဖလမ်းမြို့ အနီး မဏိပူရ်မြစ်တွင် အသက် (၅၂)အရွယ် Pa Ngun Kip Khuai (ဦးငွန်ကစ်ခွေလ်း) ဟာ ငါးဖမ်းဖို့သွားရာ စက်တင်ဘာ ၂၁ရက်နေ့ မနက်၁၀နာရီ ဝန်းကျင်တွင် စစ်ကောင်စီ များ ထောင်ထားသော မြေမြုပ်မိုင်း နင်းမိကာ ညာခြေ အောက်ပိုင်း ပြတ်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဗါ်ရ်ကျေးရွာ ဒေသခံတစ်ဦးက “ မနက် ပိုင်း၁၀နာရီ နဲ့ ၁၁နာရီ ကြားလောက်မှာ မိုင်းပေါက်ကွဲ သံ ကြားရတယ်။ ဘယ်သူ မှ မသွားရဲကျဘူး။ ညနေငါးနာရီ လောက်မှ အိမ်ပြန် မလာလို့ လိုက်ရှာ ကြတယ်။ ဗါ်ရ် စခန်းရဲ့ အောက်ဖက် ၂ဖာလုံ လောက်မှာ သွားတွေ့တယ်။ ခြေထောက်က ဒဏ်ရာကို မသေခင်မှာ သူ့ဘာသာ အဝတ်နဲ့ ပတ်ပြီး‌စီးထားတယ်။ သူတစ်ယောက်ထဲပဲဆိုတော့ ကူညီမယ့်သူမရှိရှာဘူး။ သွေးထွက် လွန်ပြီး ဆုံးသွားတယ်။ မိုင်းနင်းမိတဲ့နေရာက မြစ်ဘေးနားမှာပါ”လို့ ပြောပါတယ်။

သေဆုံးသူ ဦး ငွန်ကစ်ခွေလ်းဟာ ဖလမ်းမြို့နယ် လိုင်ဇိုးကျေးရွာဇာတိဖြစ်ပြီး ဗါ်ရ် စခန်း မိုးလေဝသ ငှာန မှာ တာဝန်ကျနေတယ်လို့ သိရတယ်။ သေဆုံးချိန်တွင် သားသမီး သုံးယောက် ကျန်ရစ်ခဲ့တယ်လို့သိရပါတယ်။ ယနေ့ ဖလမ်း မှာပဲ မြေမြုပ်သဂြိုလ်မယ်လို့ သိရပါတယ်။

ဗါရ်းစခန်းသိမ်းခံရပြီး ဧပြီလတုန်းကလည်း ဗါရ်စခန်းအပေါ်နားတွင် မွန်လီးရွာသား မော်တော်ယာဉ်မောင်းတစ်ဦးဟာ ကတ္တရာကနေ ၄ပေလောက်အကွာမှာ အပေါ့သွားစဉ် မိုင်းနင်းမိလို့ သေဆုံးတယ်လို့သိရတယ်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်