ဘုရားကျောင်းထဲမှာ ရက်သားအရွယ်ကလေးတစ်ယောက် လာရောက်စွန့်ပစ်

ဘုရားကျောင်းထဲမှာ ရက်သားအရွယ်ကလေးတစ်ယောက် လာရောက်စွန့်ပစ်

တီးတိန်မြို့ Lawibual ရပ်ကွက် Lawibual နှစ်ခြင်းဘုရားကျောင်းထဲမှာ ရက်သားအရွယ်ကလေးတစ်ယောက် လာရောက်စွန့်ပစ်ထားတာကို မနက်ပိုင်းဘုရားကျောင်းမှာဆုတောင်းတဲ့အမျိုးသမီး တစ်ဦးက တွေ့ရှိကြောင်း သတင်းရရှိပါတယ်။

Lawibual ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝုန်ကျင်က “ဒီမနက် ၅ နာရီလောက်က ဘုရားကျောင်းမှာ ဆုလာတောင်းတဲ့ အမျိုးသမီးက ဘုရားပုလ္လုင်ပေါ်မှာ ကလေးတစ်ယောက်တွေ့တယ်။ ကြည့်ရတာ ကလေးက မွေးထားတာ ၂ ရက် ၃ ရက်လောက်ပဲကြာအုံးမယ်။ ကလေးကို စောင်အထူကြီးနဲ့လည်းမပတ်ထားဘူး။ အနှီးပုံစံနဲ့ပဲပတ်ထားတယ်။ ဒီအကြောင်းကို သိတဲ့ မြို့ထဲက ကလေးမမွေးနိုင်တဲ့လင်မယားက ရင်သွေးသမီးအဖြစ်စောင့်ရှောက်မယ်လို့ ဘာသာရေးခေါင်းဆောင်တွေရှေ့မှာတောင်းတာကြောင့် သူတို့ကမွေးထားလိုက်ပြီ။ သူတို့လင်မယားက အတူတူပေါင်းသင်းလာတာ ၁၀ နှစ်ကျော်ပြီ။ ကလေးတော့မရနိုင်ဘူး။ ကလေးလိုချင်လွန်းလို့ မန္တလေးထိ ကလေးမွေးစားဖို့ရှာကြတယ်။ ဒါပေမယ့်မတွေ့ဘူး” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

“Made In India” ထုတ်ကုန်များအပေါ် အမေရိကန်က အခွန် ၁၈ ရာခိုင်နှုန်း လျှော့ချကောက်ခံမည်

အမေရိကန်နဲ့ အိန္ဒိယတို့သည် ကုန်သွယ်ရေးသဘောတူညီချက်တရပ်အား ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ရက် တနင်္လာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တယ်လီဖုန်းဖြင့် ဆွေးနွေးပြီးနောက် အချိန်အတော်ကြာ ပြဿနာအမျိုးမျိုးကြောင့် တင်းမာနေခဲ့သည့် အိန္ဒိယ–အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွင်း အပြုသဘော ဆောင်သော အလှည့်အပြောင်းတရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ ...

ဆက်ဖတ်ရန်