ဘူးသီးတောင်က စစ်ကောင်စီ တပ်စခန်းအားလုံး AA သိမ်းပိုက်

၁၉၊ မေလ၊ ၂၀၂၄

Zalen

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို တိုက်ခိုက် သိမ်းပိုက် ရရှိထားတယ်လို့ အာရက္ခတပ်တော်(AA)က မနေ့ မေလ ၁၈ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဘူးသီးတောင်မြို့က စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေဖြစ်တဲ့ ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် ဗျူဟာလက်အောက်ခံတပ်ရင်း၊ အမတ၊ ထောက်ပို့တပ်ရင်းနဲ့ ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင်အခြေစိုက်တပ်ရင်းအပါဝင် တပ်စခန်းအားလုံး မနေ့က မေလ ၁၈ ရက်က သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။

Zalen ad

မနေ့က သိမ်းပိုက်ရရှိထားတဲ့ တပ်စခန်းတွေဟာ ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် အမတ (၃၇၈)၊ ခမရ (၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်း နဲ့ GE တပ်ရင်း တို့ဖြစ်ပါတယ်။

ဒါအပြင် မေလ ၁၄ ရက်နေ့က စစ်ကောင်စီရဲ့ ခမရ (၃၅၃) ၊ ခမရ (၅၃၅) ၊ ခလရ (၂၆၃) နဲ့ ခလရ (၂၃၃) စတဲ့ တပ်ရင်း ၄ ရင်းကိုလည်းသိမ်းပိုက်ရရှိထားပါတယ်။

မေလ ၁၃ ရက်နေ့မှာ နခခ (၃) စခန်းနဲ့ မေလ ၁၆ ရက်နေ့မှာ နခခ ၈ စခန်းစတဲ့ စခန်းအသီးသီး သိမ်းပိုက်ရရှိထားပါတယ်။

အဲ့ဒီ ဗျူဟာနဲ့ တပ်ရင်းတွေက ထွက်ပြေးနေတဲ့ စစ်ကောင်စီနဲ့ ၎င်းတို့ လက်အောက်ခံတွေကို AA က လိုက်လံတိုက်ခိုက်နေတာကြောင့် ဘူးသီးတောင်မြို့ ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်နေဆဲလို့ ဆိုပါတယ်။

လက်ရှိ ဘူးသီးတောင်မြို့အပြင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲ စတဲ့ မြို့တွေကိုလည်း AA မှ တိုက်ခိုက်သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

“Made In India” ထုတ်ကုန်များအပေါ် အမေရိကန်က အခွန် ၁၈ ရာခိုင်နှုန်း လျှော့ချကောက်ခံမည်

အမေရိကန်နဲ့ အိန္ဒိယတို့သည် ကုန်သွယ်ရေးသဘောတူညီချက်တရပ်အား ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ရက် တနင်္လာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တယ်လီဖုန်းဖြင့် ဆွေးနွေးပြီးနောက် အချိန်အတော်ကြာ ပြဿနာအမျိုးမျိုးကြောင့် တင်းမာနေခဲ့သည့် အိန္ဒိယ–အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွင်း အပြုသဘော ဆောင်သော အလှည့်အပြောင်းတရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ ...

ဆက်ဖတ်ရန်