မကာအိုတွင် မြန်မာအများအပြားထံ ကိုဗစ်ရောဂါပိုးတွေ့ရှိတာကြောင့် ရပ်ကွက်အချို့ ပိတ်ပင်ထားရ

မကာအိုမြို့တွင် ဇွန်လ ၂၂ ရက်အထိ ကိုဗစ်ပိုးတွေ့လူနာ ၇၁ ဦးတွေ့ရှိရာ ၎င်းတို့ထဲတွင် မြန်မာရွေ့ပြောင်းအလုပ်သမားအများအပြားပါဝင်တယ်လို့သတင်းရရှိပါတယ်။

မြန်မာအလုပ်သမားအမျိုးသမီးတစ်ဦးဖျားနာရာမှ ကိုဗစ်ရောဂါစစ်ဆေးရာ စတင်ပိုးတွေ့တယ်လို့သိရတယ်။ ဒါကြောင့် ၎င်းနဲ့ထိတွေလူတွေအားလုံးကို ပြန်လည်ရှာဖွေပြီး ရောဂါစစ်ဆေးပြီး Quarantine ဝင်ခိုင်းကြတယ်လို့သိရတယ်။

ဒါကြောင့် ဈေးဆိုင်အချို့နဲ့ တိုက်ခန်းအချို့ကို ကျန်းမာရေးအရ အနီရောင်အဆင့်နဲ့ အဝါအဆင့်သတ်မှတ်ကာ အပြင်မထွက်ရကန့်သတ်ထားကြတယ်လို့သိရတယ်။

မြန်မာ passport ကိုင်ဆောင်သူအားလုံးကိုလည်း အခု ကိုဗစ်ရောဂါပိုးစစ်ဆေးနေတယ်လို့လည်းသိရတယ်။

Zalen ad

Zawgyi






နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်