မင်းတပ်မြို့မှာ လေပြင်းတိုက်လို့ အဆောက်အအုံး (၂၃)လုံးအမိုးလန်ပျက်စီး

 

မနေ့ည လေပြင်းကြောင့် မင်းတပ်မြို့ ချင်းအမျိုးသားနေ့အတွက် ဆောက်ထားတဲ့စင်မြင့်ပြိုလဲမှုကို ဒီမနက်မြင်တွေ့ရစဉ်(Photo: Salai Mang Ghung)

မင်းတပ်မြို့မှာ လေပြင်းတိုက်လို့ အဆောက်အအုံး (၂၃)လုံးအမိုးလန်ပျက်စီး
မင်းတပ်မြို့နယ်မှာ ဖေဖော်ဝါရီလ (၁၇)ရက် နံနက် (၂)နာရီမှာလေပြင်းတိုက်ခတ်လို့ အဆောက်အအုံး (၂၃)လုံးအမိုးလန်ပျက်စီးခဲ့တာကြောင့် ခန့်မှန်းကုန်ကျစရိတ် (၁၄၃)သိန်းဖိုး ဆုံးရှုံးသွားတယ်လို့ မြို့နယ်ထွေအုပ်ရုံးစာရင်းအရသိရပါတယ်။
ယင်းပျက်စီးမှုတွင် ချင်းအမျိုးသားနေ့အတွက် ပြင်ဆင်ဆောက်လုပ်ထားတဲ့ မုဒ်ဦး၊ ရိုးရာပြခန်း၊ စင်မြင့်၊ သစ်သီးဝလံပြခန်းတွေအားလုံးပြိုလဲသွားပါတယ်။
အများစုက အိမ်အမိုးလန်ပျက်စီးတာဖြစ်ပြီး အဆောက်အအုံး (၂၀)လုံးပါပါတယ်။ ပျက်စီးမှုစာရင်းတွင် လူနေအိမ် (၁၄)လုံးနဲ့ စပါးကျီ၊ ကျောင်းဆောင်နဲ့ ဝန်ထမ်းအိမ်ရာ(၈)လုံးလည်းပါဝင်ပါတယ်။

နောက်ဆုံးရသတင်းများ

ZZLMS နယ်မြေအတွင်းရှိလူငယ်လူရွယ်များအတွက် ခရီးသွားလာခွင့်ကန့်သတ်

ဒီဇင်ဘာ ၂၀၊ ၂၀၂၅ Zalen ချင်းပြည်နယ် အလယ်ပိုင်းမှာရှိတဲ့ ZZLMS နယ်မြေဧရိယာအတွင်းရှိ လူငယ်များအနေဖြင့် တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်ကြရန် ဖိတ်ခေါ်ထားပြီး ခရီးသွားလာခွင့်ကိုလည်းကန့်သတ်ကြောင်း ZZLMS က ဒီကနေ့ထုတ်ပြန်ပါတယ်။ ZZLMS ဟာ ဇိုတုန်၊ ဇိုဖဲ၊ ...

ဆက်ဖတ်ရန်