မင်းတပ်မြို့ မီးဘေးသင့်မိသားစုတွေတွက် အလှူငွေ (၆၇)သိန်းကောက်ခံရရှိ

 

 

 

မင်းတပ် မီးဘေးသင့်မိသားစုတွေတွက် အလှူငွေ (၆၇)သိန်းကောက်ခံရရှိ
မင်းတပ်မြို့ မီးဘေးသင့်မိသားစု(၄)စုထောက်ပံ့ဖို့ မင်းတပ်လူငယ်တွေက မြို့တွင်းနှစ်ရက်တိုင်အလှူငွေကောက်ခံရာ ၆,၇၃၇,၅၀၀ ကျပ်ရရှိကြောင်းသိရပါတယ်။
ပထမနေ့(မတ် ၂၄)ရက်တွင် ကျပ် ၂,၀၄၉,၂၀၀ ရရှိပြီး ဒီနေ့တွင်ကျပ် ၄,၇၀၈,၃၀၀ ရရှိကြပါတယ်။
မတ်လ(၂၂)ရက် ည ၁၀း၃၀ နာရီခန့်က မင်းတပ် အနောက်ဘက်ရပ်ကွက်တွင် မီးလောင်တာကြောင့် လူနေအိမ် (၄)လုံးမီးလောင်သွားပါတယ်။
ဒီအလှူငွေနဲ့ အလှူခံရရှိတဲ့ လူသုံးအဆောင်ပစ္စည်းတွေကို မတ်လ (၂၇)ရက်တွင် မီးဘေးသင့်မိသားစုထံလှူဒါန်းဖို့ရည်ရွယ်ထားပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်