မင်းတပ်မြို့ မီးဘေးသင့်မိသားစုတွေတွက် အလှူငွေ (၆၇)သိန်းကောက်ခံရရှိ

 

 

 

မင်းတပ် မီးဘေးသင့်မိသားစုတွေတွက် အလှူငွေ (၆၇)သိန်းကောက်ခံရရှိ
မင်းတပ်မြို့ မီးဘေးသင့်မိသားစု(၄)စုထောက်ပံ့ဖို့ မင်းတပ်လူငယ်တွေက မြို့တွင်းနှစ်ရက်တိုင်အလှူငွေကောက်ခံရာ ၆,၇၃၇,၅၀၀ ကျပ်ရရှိကြောင်းသိရပါတယ်။
ပထမနေ့(မတ် ၂၄)ရက်တွင် ကျပ် ၂,၀၄၉,၂၀၀ ရရှိပြီး ဒီနေ့တွင်ကျပ် ၄,၇၀၈,၃၀၀ ရရှိကြပါတယ်။
မတ်လ(၂၂)ရက် ည ၁၀း၃၀ နာရီခန့်က မင်းတပ် အနောက်ဘက်ရပ်ကွက်တွင် မီးလောင်တာကြောင့် လူနေအိမ် (၄)လုံးမီးလောင်သွားပါတယ်။
ဒီအလှူငွေနဲ့ အလှူခံရရှိတဲ့ လူသုံးအဆောင်ပစ္စည်းတွေကို မတ်လ (၂၇)ရက်တွင် မီးဘေးသင့်မိသားစုထံလှူဒါန်းဖို့ရည်ရွယ်ထားပါတယ်။

နောက်ဆုံးရသတင်းများ

ZZLMS နယ်မြေအတွင်းရှိလူငယ်လူရွယ်များအတွက် ခရီးသွားလာခွင့်ကန့်သတ်

ဒီဇင်ဘာ ၂၀၊ ၂၀၂၅ Zalen ချင်းပြည်နယ် အလယ်ပိုင်းမှာရှိတဲ့ ZZLMS နယ်မြေဧရိယာအတွင်းရှိ လူငယ်များအနေဖြင့် တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်ကြရန် ဖိတ်ခေါ်ထားပြီး ခရီးသွားလာခွင့်ကိုလည်းကန့်သတ်ကြောင်း ZZLMS က ဒီကနေ့ထုတ်ပြန်ပါတယ်။ ZZLMS ဟာ ဇိုတုန်၊ ဇိုဖဲ၊ ...

ဆက်ဖတ်ရန်