မင်တပ်မြို့နယ်တွင် စစ်ကောင်စီကအ‌ကြောင်းမဲ့လေ ကြောင်းတိုက်ခိုက်မှု ပြုလုပ်

၄ ၊ စက်တင်ဘာ ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊မင်းတပ်မြို့နယ် အတွင်းရှိ မင်းတပ်- မတူပီ လမ်းမကြီး ၆မိုင်ကုန်းနဲ့အနီးတစ်ဝိုက်ကို ဒီကနေ့မနက် ပိုင်း၁၀နာရီ၀န်းကျင် ခန့်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။

စစ်ကောင်စီက ၆မိုင်ကုန်းနဲ့အနီးတစ်ဝိုက်နေရာတွေကို ပေါင် ၅၀၀ ဗုံးသီး ၇လုံးခန့်ဖြင့် တိုက်ခိုက်ခဲ့တယ်လို့သိရပြီး ပျက်စီးဆုံးရှုံးမှုတွေကိုတော့ အသေးစိတ်မသိရှိရသေးပါ။

“မင်းတပ်အနောက်ခြမ်းခြောက်မိုင်ကုန်းရယ်၊အဲဒီအနီးတစ်၀ိုက်ကိုကြဲတာဗျ၊နှစ်ကြိမ်လာကြဲသွားတာဗျ၊ပထမတစ်ခါက နှစ်လုံး၊ဒုတိယ က၅လုံးကြဲသွားတယ်၊ဖုန်းလိုင်းတွေကမရဘူး၊ ထိခိုက်မှု တွေအသေး စိတ်ကိုတော့ မသိရဘူး”လို့ Zalen ကိုပြောပါတယ်။

စက်တင်ဘာလ ၃ ရက် နေ့မှာလည်း မင်းတပ်မြို့ပေါ်တွင်တပ်စွဲထားကြတဲ့ ခလရ ၂၇၄ တပ်ရင်းထဲကို စစ်ကောင်စီ ကင်းထောက်၊တိုက်ခိုက်လေယာဉ် Y-12 ဖြင့် ရိက္ခာတွေချပေးပြီး၊မင်းတပ်မြို့နယ်အတွင်ကင်း ထောက်ယာဉ်အဆက်မပြတ်ပျံဝဲနေတယ်လို့ ၎င်းကဆက်ပြောပါတယ်။

ပြီူခဲ့တဲ့ ဩဂုတ်လ အတွင်းမင်းတပ်မြို့နယ်တွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၀ ထက်မနည်းပြုလုပ်ခဲ့ရာ စာသင်ကျောင်း၊လူနေအိမ်၊ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မိုးပီအောင်

နောက်ဆုံးရသတင်းများ

အိန္ဒိယဗဟိုအစိုးရက ပလက်ဝနဲ့ စစ်တွေအထိလျှပ်စစ်မီးပေးဖို့ဆန္ဒရှိနေ

၁၄၊ စက်တင်ဘာလ၊ ၂၀၂၄ Zalen အိန္ဒိယနိုင်ငံ၊ ဗဟိုအစိုးရက ချင်းပြည်နယ်၊ ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ် စစ်တွေအထိ လျှပ်စစ်ဓာတ်အား ပေးဖို့ဆန္ဒရှိနေပြီး မီဇိုရမ်ပြည်နယ်အစိုးရက ပူးပေါင်းဆောင်ရွက်ပေးရန်ဖိတ်ခေါ်ခဲ့တယ်လို့သိရပါတယ်။။ စက်တင်ဘာလ ၁၂ ရက်နေ့မှာ အိန္ဒိယဗဟိုအစိုးရ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ တွဲဖက်အတွင်းရေးမှူး ...

ဆက်ဖတ်ရန်