မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံး၊ဒဏ်ရာရရှိသူများရှိ

၂၁ ၊မေ ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊၊ မင်းတပ်မြို့နယ် ၊တိုက်နယ်အမှတ်(၂)၊ ချပ်ကျေးရွာတွင် မေလ (၂၀)ရက်ည ၁၁နာရီ ၂၂မိနစ်ခန့်တွင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁ဉီးကျဆုံး၊၇ ဉီးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

မနေ့နေ့လည်ပိုင်းမှာစစ်ကောင်စီရဲ့ကင်းထောက်လေယာဉ် Y-12ဟာယော၊ချင်း(မင်းတပ်)ဘက်တွေမှာပျံသန်းနေတာလို့သိရှိရပါတယ်။ စစ်ကောင်စီရဲ့ကင်းထောက်ယာဉ်တွေပျံဝဲလာရင်လေကြောင်းတိုက်ခိုက်မှုတွေရှိနေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူတစ်ဉီးက ယခုလိုပြောပါတယ်။

“မင်းတပ်ဘက်မှာဆို ကင်းထောက်လေယာဉ်တွေလာရင် လေကြောင်းတိုက်ခိုက်မှုက ပုံမှန်ရှိတယ်။တခါတလေ ကင်းထောက်တွေကနေ ကြဲတာ၊ မနေ့ကလည်းကင်းထောက်က နေ့လည်လောက်က လာသေးတယ်၊ အခုလာကြဲတာက ည၁၁နာရီကျော်မှာ၊အဲဒီအချိန်က ဖုန်းလိုင်းအကုန်ပြတ်ပြီဗျ၊ ၊သတင်းရတာက ၁ ဉီးကျတယ်၊ ၇ ဉီးဒဏ်ရာရတယ်ကြားတယ်”လို့ ဒေသခံတစ်ဦးက Zalen ကိုပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် မေလအတွင်းမင်းတပ်မြို့နယ်တွင် အရပ်သားပြညသူကျဆုံးသူ ၅ဉီးထက်မနည်းရှိနေပြီး၊ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိတယ်လို့သိရတယ်။

မိုးပီအောင်

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်