မင်းတပ်မြို့မှာ အင်တာနက်ပြန်ဖွင့်ပေမယ့် သုံးမရဖြစ်နေ

ချစ်ခြင်းနွေ

၂၇၊ စက်တင်ဘာ၊ ၂၀၂၃

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ယမန်နေ့ စက်တင်ဘာ ၂၆ရက် နေ့လည်ပိုင်းကစပြီး အင်တာနက်လိုင်း ပြန်ဖွင့်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အင်တာနက်လိုင်းဟာ 4G ရပေမယ့် စာပို့တာနဲ့ ဖုန်းပြောတာ တစ်ခုမှ လုပ်မရဖြစ်ပြီး ‌လိုင်းဆွဲအား မကောင်းဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

” မနေ့က ရုတ်တရပ် ပြန်ရလာတာ။ လိုင်းတော်တော်မကောင်းဘူး။ ပြီးတော့ လိုင်းပေါ်က  စာပို့တာလည်း အဆင်မပြေဘူး။ ဖုန်းပြောဖို့ ဝေးလို့ စာတောင်ကောင်းကောင်း ပို့မရဘူး” လို့ မင်းတပ်ဒေသခံတစ်ဦးက ပြောပါတယ်။

မင်းတပ်မြို့နယ်ဟာ ၂၀၂၁ခုနှစ်၊ စက်တင်ဘာက စပြီး အင်တာနက်ဖြတ်တောက်ခံခဲ့တာပါ။ ကြားထဲမှာ အင်တာနက်လိုင်းကို တခါတလေရက်အနည်းငယ်ဖွင့်ပေမယ့် လိုင်းကတော့ သုံးမရပဲ နှေးကွေးတယ်လို့သိရတယ်။

ဟားခါးမြို့ကလွဲရင်အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ချင်းပြည်နယ်က တီးတိန်၊တွန်းဇံ၊ဖလမ်း၊ ကန်ပက်လက်၊မတူပီ၊ ထန်တလန်၊ ပလက်၀မြို့နယ်တွေမှာ အင်တာနက်လိုင်း အခုချိန်ထိ မရရှိသေးပါဘူး။

နောက်ဆုံးရသတင်းများ

မီဇိုရမ်ကမြန်မာစစ်ဘေးရှောင် ၁၉၀၀ ကျော်ရဲ့ဇီဝအချက်အလက်များကောက်ယူပြီ

၁၁၊ ဩဂုတ်လ၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူနိုင်ပြီလို့ ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။ အဆိုပါ အချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုအနက် တစ်ချို့ကပြီးခဲ့တဲ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်